မြင်းခြံတွင် အမျိုးသားနှစ်ဦး မိလ္လာကန်တူးဖော်ရာမှ အောက်ဆီဂျင်ပြတ်ကာ သေဆုံး

ရန်ကုန်၊ မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်ခြံမြို့တွင် အမျိုးသားနှစ်ဦး မိလ္လာကန်အတွင်း အောက်ဆီပြတ်ကာ သေးဆုံးသွားကြောင်း သိရသည်။

မေလ ၂၂ ရက်၊ ၁၁ နာရီကျော်က မြင်ခြံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၂)တွင် အမျိုးသားနှစ်ဦး မိလ္လာကန်တူးဖော်ရာမှ အောက်ဆီဂျင်ပြတ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူတို့နှစ်ယောက်က အိမ်သာကျင်းအဟောင်းကပြည့်နေလို့ ကျင်းအသစ်ထဲကိုထည့်တာ။ ပထမ မိလ္လာကန်ထဲကိုကျသွားတာ။ နှစ်ယောက်လုံးပဲ။ အဲ့ဒီမှာတင် အောက်ဆီကပြတ်ပြီးသေတာ။ မိလ္လာကျင်းလုပ်သားနှစ်ဦးလုံး။ အသက်တွေကတော့ ၃၀ ကျော်လောက်ရှိမလားပဲ။ ကယ်ဆယ်ရေးကတော့ မီးသတ်နဲ့ ပတ်ဝန်းကျင်ကလူတွေက ပြန်ဆွဲတင်ကြတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိလ္လာကန်တူးဖော်ရာမှ အောက်ဆီဂျင်ပြတ်ကာ သေဆုံးသွားသည့် အမျိုးနှစ်ဦး၏ ရုပ်အလောင်းကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆယ်ယူပေးခဲ့ပြီး၊ အဖြူရောင်လက်များ ပရဟိတလူမှုကူညီရေးအသင်းယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

မြင်းခြံတွင် အမျိုးသားနှစ်ဦး မိလ္လာကန်တူးဖော်ရာမှ အောက်ဆီဂျင်ပြတ်ကာ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.