» နိုင်ငံတကာရေးရာ

ဗီဇာပြဿနာများကြောင့် အမေရိကန်ရှိ နိုင်ငံတကာကျောင်းသားများသည် နွေရာသီခရီးသွားလာမှုကို ပြန်လည်စဉ်းစားနေရ

ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေတက္ကသိုလ်သည် “တင်းကြပ်သောစစ်ဆေးမှုနှင့် စည်းကမ်းချမှတ်မှု”ကြောင့် လာမည့်နွေရာသီ ခရီးသွားလာမှုသည် နိုင်ငံတကာကျောင်းသားများအတွက် အန္တရာယ်များသည်ဟု ပြီးခဲ့သောသီတင်းပတ်က အကြံပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ယူကရိန်းစစ်အဆုံးသတ်ရေး ညှိနှိုင်းမှုစတင်ရန် ပူတင်သဘောတူဟု ထရမ့်ပြော

ယူကရိန်းသည် နေတိုးအဖွဲ့နှင့်ပူးပေါင်းရန်မဖြစ်နိုင်ကြောင်း သမ္မတထရမ့်နှင့် သူ့ကာကွယ်ရေးဝန်ကြီးနှစ်ဦးစလုံးကပြောဆိုခဲ့ပြီး စစ်ဖြစ်ပွားနေသည့်နှစ်ဖက်ကို ဖုန်းဆက်ဆွေးနွေးမှုများပြုခဲ့ခြင်းက ကိယက်ဗ်အတွက် ခါးသီးသည့်စိတ်ပျက်ဖွယ်ဖြစ်ရပ်ပင်။

ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် တရုတ်နဲ့ မြန်မာနိုင်ငံကြား အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်လာတော့မှာလား

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့သြဇာလွမ်းမိုးမှုတွေကို ဟန်ချက်ညီတုံ့ပြန်နိုင်အောင် ရုရှားနိုင်ငံနဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်စေရေး ကြိုးပမ်းမှုအစိတ်အပိုင်းတစ်ရပ်အဖြစ် ရှိနေခဲ့ပါတယ်။

ဂါဇာစစ်ပွဲကိုဗဟိုပြုပြီး အကွဲအပြဲတွေဖြစ်လာနေတဲ့ အစ္စရေးနဲ့ အမေရိကန်

အမေရိကန်ဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ဖိအားမျိုးစုံရင်ဆိုင်ခဲ့ရပေမယ့်၊ အစ္စရေးနိုင်ငံဘက်က ရပ်တည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံဟာလည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာဖိအားတွေနဲ့ ပြည်တွင်းဖိအားတွေကို ရင်ဆိုင်နေရပါတယ်။

ကျောင်းသားနွေဦးနှင့် သတင်းမှန်တင်ဆက်မှု

အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များမှ ကျောင်းသားများ၊ ပညာရေးဌာန၊ Think-tanks (ဉာဏ်ကြီးရှင်) အဖွဲ့နှင့် သုတေသနဌာနများမှ ပညာရှင်များသည် အစ္စရေးနိုင်ငံ၏ ဂါဇာဒေသရှိ ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးကျော်စစ်ဆင်နွှဲနေမှု ရပ်တန့်ရေးနှင့် အမေရိကန်အစိုးရက အစ္စရေးအစိုးရကို အထောက်အပံ့ပြု အားပေးနေမှုများအား အဆုံးသတ်ရေးအတွက်…

စိတ်ဝင်စားဖွယ်စောင့်ကြည့်နေရတဲ့ အီရန်နဲ့ အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေတဲ့စစ်ပွဲ

အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ အီရန်နဲ့ အစ္စရေးနိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်လာခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့ပြီး၊ အဲဒီဒေသအတွင်းနိုင်ငံတွေဟာ စစ်မီးပိုမိုတောက်လောင်လာမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် အစ္စရေးကိုတားဆီးပေးဖို့ အမေရိကန်သမ္မတကို တိုက်တွန်းတောင်းဆိုတာတွေလည်း ရှိနေခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်နိုင်ငံကြား ဘာကြောင့်သဘောထားကွဲလွဲမှုတွေ ဖြစ်လာခဲ့ရသလဲ

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "ရာဖယ်မြို့ထဲကို အစ္စရေးတပ်ဖွဲ့တွေ ဝင်ရောက်မှုမရှိဘူးဆိုရင် ဟားမက်စ်အဖွဲ့တွေကို အနိုင်ရတော့မှာမဟုတ်ဘူး။ ဟားမက်စ်အဖွဲ့ရဲ့ လက်ကျန်အုပ်စုတွေဟာ ရာဖယ်မြို့မှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံရဲ့ ကူညီထောက်ပံ့ပေးမှုရဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ကူညီထောက်ပံ့မှုတွေ မရဘူးဆိုရင်လည်း တစ်နိုင်ငံတည်းတိုက်ခိုက်သွားမယ်။" လို့ ပြောပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲကနေ ဘယ်သူတွေ အကျိုးအမြတ်ဖြစ်ထွန်းနေလဲ

လက်ရှိအချိန်ထိ ယူကရိန်းရဲ့ ခုခံစစ်အတွက် အမေရိကန်ကပေးအပ်ထားတဲ့ ထောက်ပံ့ငွေစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ယူကရိန်းကိုမရောက်ပဲ အမေရိကန်နိုင်ငံမှာပဲ ရှိနေတာပါ။ ဆိုလိုတာက အဆိုပါထောက်ပံ့ငွေ ၉၀ ရာခိုင်နှုန်းဟာ ယူကရိန်းကိုပေးအပ်မယ့် လက်နက်တွေအတွက် အမေရိကန်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ယင်းပြည်တွင်းက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း…

နေတိုး (NATO) အဖွဲ့ရဲ့ STEADFAST DEFENDER 2024 စစ်ရေးလေ့ကျင့်မှုအပေါ် စေ့ငုခြင်း

နေတိုးမဟာမိတ်အဖွဲ့ရဲ့ ဥရောပမဟာမိတ်တပ်ဖွဲ့များဆိုင်ရာ တပ်မှူးချုပ်ကတော့ အဆိုပါ စစ်ရေးလေ့ကျင့်မှုကနေတဆင့် မြောက်အမေရိကကနေ အတ္တလန္တိတ်ကိုဖြတ်ကျော်ပြီး တပ်များလျင်မြန်စွာပြောင်းရွှေ့ဖြန့်ကျက်ကာ ဥရောပ-အတ္တလန္တိတ်‌ဒေသဆိုင်ရာ ကာကွယ်မှုကို ပိုမိုအားသစ်လောင်းပေးနိုင်မှာဖြစ်တယ်လို့ အခိုင်အမာပြောကြားပါတယ်။

ထိုင်းနိုင်ငံ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး

အခု ၅-လတာကာလမှာ မစ္စတာဆုတင်ကို စစ်တပ်က ခြိမ်းခြောက်မှုလို့ မမြင်ကြဘူး။ သူနဲ့သက်တောင့်သက်သာရှိကြတယ်။ သူကထိန်းချုပ်ဖို့ ကြိုးစားတာထက်စာရင် ပျော့ပြောင်း တဲ့နည်း (soft stance) ကို ကျင့်သုံးတယ်။