ဒက္ခိဏသီရိမြို့နယ်တွင် အိမ်စီးကားတစ်စီး ရေကန်ထဲထိုးကျ နှစ်ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၈

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် အိမ်စီးကားတစ်စီး အရှိန်လွန်ပြီး ရေကန်ထဲသို့ထိုကျကာ နှစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက်၊ နံနက် ၉ နာရီကျော်က ဒက္ခိဏသီရိမြို့နယ်၊ ထန်းတစ်ပင်ရပ်ကွက်၊ (ကျောက်မျက်) ဝန်းတွင် အိမ်စီးကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေးရှိရေကန်ထဲသို့ထိုးကျကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေနစ်ဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရတာတော့ နှစ်ယောက်လုံးက ကားထဲမှာပဲ ရေမွန်းပြီးသေတဲ့သဘောပါ။ ကယ်ဆယ်ရေးတွေကတော့ မီးသတ်ကနေ လုပ်ဆောင်နေတာပါ။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ။ အမျိုးသားကတော့ ပြင်ဦးလွင်ကလို့ သိရတယ်။ အမျိုးသမီးက နေပြည်တော် လယ်ဝေးဘက်ကပါ။ အသက်က ၂၅ နှစ်ဝန်းကျင်လောက်ရှိပါပြီ။ သူတို့ကို နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကိုပို့ပေးပါတယ်။” ဟု ဒေသခံလူမှုကူညီးရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇွန် ၉ ရက်ကလည်း ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့ ၊ အေးမြသာယာရပ်ကွက်ရှိ လုပ်ကွက်ဟောင်းအင်းထဲသို့ အိမ်စီးကားတစ်စီး ထိုးကျသွားခဲ့ပြီး မိသားစုသုံးဦး သေဆုံးခဲ့သည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

ဒက္ခိဏသီရိမြို့နယ်တွင် အိမ်စီးကားတစ်စီး ရေကန်ထဲထိုးကျ နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.