- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“မနေ့ကတော့ တောင်ညိုဘက်ကနေ ရေစတက်တော့ လမ်းတွေလည်း ရေမြုပ်ကုန်တယ်။ သွားရလာရတာတွေတော့ ခက်ခဲသွားတာပေါ့။ မိုးကအရမ်းကြီးတော့ ပုံးတက်ရိုးကနေပြီးတော့ ရေကြီးရေလျှံတာတွေဖြစ်ကုန်တာ။ အခုတောင် တောင်ညိုဘက်က ရေနည်းနည်းပြန်တက်လာတယ်။ ပျဉ်းမနားဘက်ဆို လမ်းတွေတော့ရေလျှံနေပါပြီ။ ရေတိုးတာတော့ ငလိုက်ချောင်းကနေပဲ လောလောဆယ် စိုးရိမ်စရာမရှိသေးပါဘူး။”
“လေတိုက်တာက လေပွေလို စက်ဝိုင်းပုံစံမျိုးတိုက်တာ။ ဘေးပတ်ပတ်လည်ကို တိုက်တာဆိုတော့ နေအိမ်အမိုးတွေ သွပ်တွေကလန်သွားတာ။ ကျေးရွာနှစ်ရွာကိုတိုက်တာ။ ထုံးဘိုမှာ နေအိမ် ၃၄ လုံး၊ စာသင်းကျောင်းတစ်ကျောင်း။ ကျောက်စရစ်ကုန်းကျေးမှာက နေအိမ် ၁၆ လုံး။ လူထိခိုက်မှုတွေတော့မရှိပါဘူး။ ပျက်စီးသွားတဲ့အိမ်တွေက လူတွေကတော့ အနီးနားမှာရှိတဲ့အိမ်မှာနေတာနဲ့ ကိုယ့်အိမ်ကိုပြန်ပြင်ပြီးနေတဲ့သူတွေလည်းရှိတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။