» ရသစာတမ်း

ချစ်သော ဇာတိမြို့ကလေးမှ အပြန်

ဇာတိမြို့လေးမှာ ၅ ရက်တာ အလွမ်းပြေနေထိုင်ခဲ့တဲ့အတောအတွင်း ဆွေမျိုးဉာတိတွေက တစ်အိမ်ပြီးတစ်အိမ် ထမင်းဖိတ်ကျွေးတာမို့ စိတ်ရင်တနှီးရှိလှပါတယ်။ ဇာတိမြို့လေးက အပြန်မှာတော့ နောက်တစ်ခေါက် ဘယ်တော့ပြန်ရောက်နိုင်ဦးမလဲဆိုတဲ့မေးခွန်းက ကျွန်မအတွက် အဖြေမဲ့နေပြီး မွန်းကျပ်လေးလံစေပါတော့တယ်။ ကျွန်မရဲ့ မြို့လေးက မြို့သူမြို့သားတွေကလည်း ဖြစ်ပျက်လာသမျှလောကဓံကို ကြံ့ကြံ့ခံပြီး…

ဖေဖော်ဝါရီတဲ့

ကိုယ်စာပြန်သင်ရတဲ့ ဆရာမဘဝ၊ ဖေဖော်ဝါရီကိုတော့ အလွမ်းဆုံးပါပဲ။ လုံးဝကိုမမေ့တဲ့ အမှတ်ရစရာတွေများခဲ့တဲ့ ဖေဖော်ဝါရီပါ။ ကိုယ်စာသင်ရတဲ့ ကလေးတွေမှာ အလယ်တန်းတွေက ဖေဖော်ဝါရီဆို အိုခေ။ စာမေးပွဲတွင်းတော့ အိမ်မှာအုန်းအုန်းထ၊ ကြွက်ကြွက်ညံ။ သူတို့ပြန်သွားရင် ကိုယ်လည်းမောပြီးကျန်ခဲ့တယ်။ နားတွေလည်း အေးလို့ပေါ့။

ခြားနားသွားတဲ့ ခေတ်ထဲက ခြားနားသွားတဲ့ ကုန်ဈေးနှုန်း

ကျွန်မမိသားစုဟာ ဖေဖေရဲ့ စာရေးခြင်းဝင်ငွေတစ်ခုတည်းနဲ့ပဲ တင့်တောင်တင့်တယ်နေထိုင်နိုင်ခဲ့တာ မှတ်မိနေပါတယ်။ ရွှေတစ်ကျပ်သား ၃၀၀ ကျပ် ဝန်းကျင်ပဲရှိတဲ့ (၁၉၇၀) ပြည့်နှစ်ကာလတွေမှာ ဖေဖေက လုံးချင်းဝတ္ထုတစ်အုပ်ထွက်ရင် စာမူခ ၅၀၀၀ ကျပ်အထိရတယ်လို့ ပြန်‌ပြောဖူးပါတယ်။

တန်ဖိုးထား ရှင်သန်နေဦးမယ့် ပေးစာတွေ

အရင်တုန်းက အမေဟာ အဖေ့ဆီကစာတွေကို မျှော်နေခဲ့ပြီး၊ အဖေမရှိတော့တဲ့နောက် ဘယ်လိုခံနိုင်ရည်တွေနဲ့ ဖြတ်သန်းနေခဲ့ပါလိမ့်လို့ ကျမဆက်တွေးနေမိပါတယ်။

ကျောင်း ခရေစီ

ငယ်ငယ်ထဲက မာရီကွန်းဝေးတို့ ဂျွိုက်စ်တို့သိနေခဲ့ရတာ အဖိုးရေဒီယိုကြီးကြောင့်ပေါ့။ ကျောင်းနေတော့ အဖွားအိမ်နေရတယ်။ အဖိုးညီမပေါ့။ အဖွားအိမ်မှာ ရေဒီယိုလည်းမရှိ။ ‘က’တမ်းကစားဘို့ရာ အဖော်လဲမရှိ။ စာဆိုတာလည်း အသည်းအသန်ကြီး လုပ်မနေရတော့ ပျင်းပေါ့။

ဆန် ခရေဇီ

ကျမတို့က ရွာငယ်လေးမှာ နေတာဆိုတော့ ရွာမှာ စပါးကြိတ်စက်မရှိပါဘူး။ ဘေးရွာမှာ သွားကြိတ်ရပါတယ်။ အဖိုး စပါးကြိတ်သွားရင် မောင်နှမနှစ်ယောက် သိပ်လိုက်ချင်ကြတာ။ လှည်းစီးချင်ကြတာ အဓိကပါ။

လက်ဖက်ရည်ဆိုင် လွမ်းချင်း

အဲဒီအချိန်တုန်းက မဂ္ဂဇင်း၊ ဂျာနယ်တွေ အများကြီးရှိတဲ့အတွက် စာမူခသွားထုတ်ရတာကိုက ပျော်စရာပါ။ မဂ္ဂဇင်း ဒါမှမဟုတ် ဂျာ နယ်မှာ စာမူပါရင် ကျွန်မက စာမူခသွားထုတ်ပြီး “လေထန်ကုန်း” ကို တန်းသွားလေ့ရှိပါတယ်။

ကော်ဖီ ခရေဇီ (Coffee Crazy)

ကော်ဖီတင်ကြိုက်တာ မဟုတ်သေးဘူး။ ကော်ဖီပါတဲ့ သီချင်းကိုလည်း ကြိုက်သေးတာ။ ဂျေမောင်မောင်ရဲ့ အလွမ်းကဖေးတို့၊ ချစ်ကောင်းရဲ့ ကော်ဖီခါးခါးတို့၊ သီရိဂျေမောင် မောင်ရဲ့ ဘလက်ကော်ဖီတို့၊ ကော်ဖီကြိုက်တဲ့အချစ်ရယ် ခုတော့ မင်းဘယ်မလဲ တို့၊ အများကြီးပါ။ ကြိုက်ခဲ့ရတာတွေ။

စာအုပ်ဆိုင် ယဉ်ကျေးမှု

ပညာနှင့်ချစ်ခြင်းတရား ခံစား တတ်၊ နားလည်တတ်၊ ကျင့်သုံးတတ်လာသည်မှာ ငယ်ဘဝစာအုပ်ဆိုင်လေးများက ထောက်ကူပေးခဲ့သည်ဟု ယနေ့အထိ ယုံကြည်နေဆဲဖြစ်သည်။

ကျောင်းတွေ ဖွင့်ရင်

ညနေကျောင်းဆင်းချိန် မိုးရွာပါက လွယ်အိတ်ကို နောက်ပြန်ကျောပိုးအိတ်သဏ္ဍန်လုပ်ပြီး ခမောက်ပါသူက ခမောက်ဆောင်း၍ ဝါတာဖလူးခေါ် မိုးကာစကို ခေါင်းဆောင်းပြေးကြသည်သာဖြစ်သည်။