» နိုင်ငံတကာရေးရာ

ထိုင်းနိုင်ငံ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး

အခု ၅-လတာကာလမှာ မစ္စတာဆုတင်ကို စစ်တပ်က ခြိမ်းခြောက်မှုလို့ မမြင်ကြဘူး။ သူနဲ့သက်တောင့်သက်သာရှိကြတယ်။ သူကထိန်းချုပ်ဖို့ ကြိုးစားတာထက်စာရင် ပျော့ပြောင်း တဲ့နည်း (soft stance) ကို ကျင့်သုံးတယ်။

ပင်လယ်နီဒေသထဲ ဟူသီလက်နက်ကိုင်အဖွဲ့ တစခန်းထခြင်း နောက်ကွယ်

ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ဒီလိုမျိုး ပင်လယ်နီဒေသထဲ တိုက်ခိုက်မှုတွေက သပွတ်အူလို ရှုပ်ထွေး လွန်းလှတဲ့ အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးအပေါ် ဘယ်အတိုင်းအတာထိ ရိုက်ခတ်နိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲရုံနဲ့ ဂါဇာစစ်ပွဲရပ်တန့်အောင် လုပ်ဆောင်လို့ရမှာလား

အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲတဲ့ တောင်အာဖရိကရဲ့ တရားစွဲဆိုမှုတွေကိုစစ်ဆေးဖို့ အစ္စရေးတရားသူကြီးတစ်ဦး၊ ပါလက်စတိုင်းတရားသူကြီးတစ်ဦးပါဝင်မယ့် တရားသူကြီး ၁၅ ဦးပါဝင်တဲ့ စုံခုံအဖွဲ့က စစ်ဆေးသွားမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံတကာသတင်း အနှစ်ချုပ်

ကမ္ဘာတဝန်း အာရုံစူးစိုက်ခံရတာကတော့ လက်ရှိ ကမ္ဘာ့စူပါပါဝါ အမေရိကန်နိုင်ငံနဲ့ စူပါပါဝါ ဖြစ် လာဖို့ တက်လှမ်းနိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေး၊ အဆိုပါနှစ်နိုင်ငံ နှစ်ဖက်ထိပ်တိုက်တင်းမာမှုတွေနဲ့ အင်အားကြီးနှစ်နိုင်ငံကြား ဆံဆက်ရေး ပျက်ယွင်းမှုတွေကို ထိန်းချုပ်ရေး (Damage Control)…

တရုတ်နိုင်ငံက လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မျှော်လင့်မထားတဲ့ ရေတပ်တိုက်ပွဲတွေ ရင်ဆိုင်ရဖွယ်ရှိနေသလား

ပြင်သစ်အကြားမြင်ပညာရှင်ရဲ့ ကြိုတင်ဟောကိန်းထဲမှာ "တိုက်ပွဲတွေ၊ ရေတပ်တိုက်ပွဲတွေ ဖြစ်လာမယ်။ အနီရောင်ရန်သူဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်ရမယ်။ သမုဒ္ဒရာ ကြီးကို ကြောက်လန့်စေမယ်။" လို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့သံခင်းတမန်ခင်းနှင့် ပထဝီနိုင်ငံရေးဂုရု (သို့မဟုတ်) အငြင်းပွားဖွယ် လူသား

ဗီယက်မင်း ကွန်မြူနစ် ပြောက်ကျားတပ်ဖွဲ့များ လှုပ်ရှားနေသည့် ဗီယက်နမ်နယ်မြေများသာမက ခမာနီပြောက်ကျားတပ်ဖွဲ့များ လှုပ်ရှားနေသည့် အိမ်နီးချင်း ကမ္ဘောဒီး ယားနယ်မြေများကိုပါ ဗုံးကမ္ဗလာ ကျဲချစေရန်အတွက် ပြင်းပြင်းထန်ထန်ဖိအားပေးသည့် မူဝါဒချမှတ်ရန် တွန်းအားပေးခဲ့သူဖြစ်သည်။

ဂါဇာဒေသစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ ကြားဝင်ဖြန်ဖြေနေတဲ့ ငြိမ်းချမ်းရေးသံတမန် ကာတာနိုင်ငံ

နိုင်ငံပေါင်း ၁၉၃ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက စစ်ပွဲအပစ်အခတ်ရပ်စဲဖို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိချိန်မှာ ကာတာနိုင်ငံက အစ္စရေးနဲ့ ဟားမက်စ် လက်နက် ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးရယူဖို့ ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်ကြား ဖြစ်ပွားနေတဲ့စစ်ပွဲက ဘယ်နိုင်ငံကို အကျိုးကျေးဇူး ဖြစ်စေခဲ့သလဲ

ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းတည်းက ယူကရိန်းကို ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်းများကို အဓိကပံ့ပိုးကူညီပေးတဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန်အတွက်လည်း အစ္စရေးနဲ ဟားမက်စ်အုပ်စုကြား စစ်ပွဲဖြစ်လာမှုက အကျပ်တည်းများစွာ ဖြစ်လာဖွယ်ရှိနေပါတယ်။

အစ္စရေးတပ်ဖွဲ့တွေရဲ့ စစ်မျက်နှာနှစ်ခု ဖွင့်တိုက်မှုကို အမေရိကန်အစိုးရ ဘာကြောင့်မလိုလားနေသလဲ

အမေရိကန်အစိုးရဟာ ဟစ်ဘိုလာအဖွဲ့ကို စစ်ပွဲထဲ တိုက်ရိုက်ပါဝင်လာမှာကို စိုးရိမ်နေတဲ့အတွက် စစ်ပွဲမပါဝင်ဖို့ သတိပေးထားသလို ဒေသအတွင်းရှိ အာရပ်နိုင်ငံတွေကိုလည်း ဟစ်ဘိုလာအဖွဲ့ကို စစ်ပွဲထဲတိုက်ရိုက်မပါဝင်အောင်

ပထဝီနိုင်ငံရေးကျားကွက်ပေါ်က တကျော့ပြန် ဟားမာ့စ်-အစ္စရေး ပဋိပက္ခ

အစ္စရေးနိုင်ငံတောင်ဘက်ပိုင်း မြို့တွေကို ဟားမာ့စ်တို့ အင်အားအလုံးအရင်းနဲ့ အလစ်အငိုက်တိုက်ခိုက်မှုဟာ ဒုတိယကမ္ဘာစစ်ကာလက နာဇီအဓိပတိ အဒေါ့ဖ်ဟစ်တလာရဲ့ ကမ္ဘာကျော် စစ်ဗျူဟာဖြစ်တဲ့ မိုးကြိုးမုန်တိုင်းစစ်ဆင်ရေးနဲ့ အလားသဏ္ဍာန်တူတယ်လို့တောင် နိုင်ငံတကာ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။