ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပလုံကောက်သည့်သားအမိနှစ်ဦး ကားတိုက်ခံရ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၃၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ဦးဝိစာရလမ်းပေါ်တွင် ပလုံကောက်သည့်သားအမိနှစ်ဦး ကားတိုက်ခံရကာ တစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရရှိခဲ့ကြောင်း သိရသည်။

မေ ၃၀ ရက်၊ ည ၁၂ ရီခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဦးဝိစာရလမ်းပေါ်တွင် ပလုံကောက်သည့်သားအမိနှစ်ဦး ကားတိုက်ခံရကာ မိခင်ဖြစ်သူနေရာတွင် သေဆုံးခဲ့ပြီး၊ ကလေးငယ်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပလုံကောက်တဲ့ တွန်းလှည်းကို ကားကဝင်တိုက်ပြီး တိုက်တဲ့ကားက ထုံးစံအတိုင်းမောင်းပြေးတာပါ။ သားအမိနှစ်ဦးပါ။ အမေကတော့ နေရာမှာတင်ဆုံးသွားပါတယ်။ ကလေးက တော့ဒဏ်ရာရတယ်။ လူနာကို အသင်းကကားနဲ့ပဲ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။” ဟု နယ်မြေခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းတစ်ဦး က ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသမီး၏ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူကို ဝန်းရံမှူးလူမှူကူညီကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဝန်းရံမှူးလူမှူကူညီကယ်ဆယ်ရေးအသင်း
ယနေ့ခေတ်

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပလုံကောက်သည့်သားအမိနှစ်ဦး ကားတိုက်ခံရ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.