ရန်ကုန်၊ ဇွန် ၄
မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အနောက်တောင်ဘက်မှတက်လာသည့် သိပ်သည်းသော မိုးတိမ်တိုက်ကြီးများသည် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းအထိ တိုက်ရိုက်ဦးတည်ဝင်ရောက်နေခြင်းကြောင့် လျှက်တစ်ပြတ်ရေကြီးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က ယနေ့ နေ့လည် ၁၂ နာရီတွင် လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် နေရာကွက်၍မိုးကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု သိရသည်။
ထိုအပြင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်သည် မုတ်သုံလေ တဟုန်ထိုးအားကောင်းနေခြင်းကြောင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၊ တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တစ်ခွင်လုံးတွင် မိုးတိမ်တောင်များ အလွန်အားကောင်းစွာ ဖြစ်ထွန်းနေခြင်းကြောင့် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်လာနိုင်ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေအားကောင်းလှသဖြင့် ရေလုပ်ငန်းနှင့် ကမ်းနီးကမ်းဝေး ရေကြောင်းသွားလာသူများ လှိုင်းကြီးခြင်းအန္တရာယ်ကိုဂရုပြုရန် ဦးဝင်းနိုင်က နှိုးဆော်ထားသည််။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်း၊ ကုန်းတွင်းပိုင်း လေဖိအားနည်းဆဲလ် (L) များကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေ့လယ်ခင်း၊ ညနေပိုင်းများတွင် မိုးထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်ခြင်းသည် အားကောင်းစွာရှိနေကြောင်း သိရသည်။
ယနေ့ညနေ ၃ နာရီမှ ၆ နာရီအတွင်း ဆက်လက်ဖြစ်ပေါ်နိုင်သော ခန့်မှန်းချက်အရ၊ ၁၄:၂၀ နာရီအထိ နောက်ဆုံးရ အချက်အလက်များအရ မိုးတိမ်တိုက်များသည် အရှေ့မြောက်ဘက် ကုန်းတွင်းပိုင်းသို့ ဆက်လက်ရွေ့လျားနေကြောင်း မိုး/ဇလပညာရှင် ဦးဝင်းနိုင်က ပြောကြားသည်။
မိုးအလွန်များပြီး လေပြင်းတိုက်ခတ်နိုင်သည့်ဇုန်အဖြစ် ဧရာဝတီတိုင်း (ပင်လယ်ဝမြို့နယ်များ)၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်များ၏ ပင်လယ်ဝဘက်ခြမ်းတွင် အဝါရောင်နှင့် လိမ္မော်ရောင်သန်းနေသော တိမ်တိုက်ကြီးများ ကုန်းတွင်းသို့ စတင်ဖြတ်ကျော်ဝင်ရောက်လာနိုင်သဖြင့် လာမည့်နာရီပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မိုးသက်လေပြင်းများ တစ်နာရီ ၃၀ မှ မိုင် ၄ဝန်းကျင်အထိ ရုတ်တရက်တိုက်ခတ်လာနိုင်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-U Win Naing
ယနေ့ခေတ်
ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တစ်ပြတ်ရေကြီးနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်