အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား သံဃာတစ်ပါးအပါအဝင် လေးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၇

ရန်ကုန်-မန္တလေးအမြန်းလမ်းတွင် အိမ်စီးကားတစ်စီး ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ကာရံထားသည့် ကွန်ကရစ်တုံးများအား ဝင်တိုက်ခဲ့ခြင်းကြောင့် တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၆ ရက်၊ နေ့လည် ၂ နာရီက၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၂၆၇/၅ နှင့် ၂၆၇/၆ အကြား၊ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသည့် Nissan X-TRAIL ယာဉ်သည် ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ကာရံထားသည့် ကွန်ကရစ်တုံးများကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ပြီး၊ သံဃာတစ်ပါးနှင့် အမျိုးသမီးသုံးဦး နေရာတွင်သေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားဘီးပေါက်ပြီးတော့ လမ်းအလယ်မှာကာရံထားတဲ့တုံးကို ဝင်တိုက်တာ။ ကားကတော့ ဦးဇင်းလေးမောင်းလာတာ။ အသက်က ၁၉ နှစ်လောက်ပဲရှိဦးမယ်။ ဦးဇင်တစ်ပါးပျံလွန် တော်မူတယ်။ အမျိုးသမီးသုံးယောက်သေတယ်။ ကလေးတွေတော့မပါဘူး။ ဒဏ်ရာရတာတော့ သုံးယောက်ပါ။ လက်ရှိကတော့ မိတ္ထီလာဆေးရုံကြီးကိုပဲ ပို့ပေးထားပါတယ်။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်ကလည်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁/၇ ကြားတွင် Mark II (အဖြူရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့ခြင်းကြောင့် သံဃာတစ်ပါးပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – #အမြန်လမ်းမီးသတ်
ယနေ့ခေတ်

အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား သံဃာတစ်ပါးအပါအဝင် လေးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.