ဝါရှင်တန်၊ ဩဂုတ် ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် NATO နယ်မြေကို တိုက်ခိုက်မည်မဟုတ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး ဥရောပအပေါ် ရုရှား၏ လှုပ်ရှားမှုဖြစ်နိုင်ခြေကို ဝါရှင်တန်က စိုးရိမ်နေသည်ဆိုသည့် မီဒီယာများ၏ ဖော်ပြချက်များကို ပယ်ချသည်။
အမေရိကန် မီဒီယာများ၏အဆိုအရ ရုရှားအနေဖြင့် နေတိုးမဟာမိတ်အဖွဲ့ကို မတိုက်ခိုက်ရေး သတိပေးရန်ဆိုသည့် မော်စကိုမြို့သို့ စီအိုင်အေညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် ရုတ်တရက်သွားရောက်ဆွေးနွေးခဲ့ပြီး နှစ်ရက်အကြာတွင် ထရမ့်၏မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
သတင်းထောက်များက “ရုရှားသမ္မတက မတိုက်ခိုက်ဖို့ သဘောတူခဲ့လား” ဟု မေးမြန်းသည့်အခါ ထရမ့်က “ကျွန်တော် သူနဲ့ ကောင်းကောင်းဆွေးနွေးခဲ့ပါတယ်။ သူက NATO နယ်မြေကို တိုက်ခိုက်မှာမဟုတ်ဘူး” ဟု သတင်းထောက်များကို ပြောကြားသည်။
ရက်ကလစ်ဖ်က ရုရှားကိုသတိပေးခဲ့သည်ဆိုသည့် သတင်းများကိုအတည်ပြုရန် မေးမြန်းရာတွင် ထရမ့်က “အဲဒါကို မှတ်ချက်ပေးချင်တာ မဟုတ်ပေမယ့် သူတို့က တိုက်ခိုက်မှာမဟုတ်ဘူး” ဟု ပြန်လည်ဖြေကြားသည်။
၎င်းတို့အစိုးရသည် ဟော်မို့ဇ်ရေလက်ကြားကို ဖွင့်မပေးပါက တီဟီရန်ကိုပစ်မှတ်ထားသည့် “စီးပွားရေး D-Day” ကို ကြေညာပြီးနောက် မော်စကို၏မဟာမိတ် အီရန်နှင့်ကုန်သွယ်မှုအတွက် ရုရှားကိုအပြစ်ပေးမည်ဆိုသည်ကိုလည်း ထရမ့်က လျှော့ချခဲ့သည်။
“အခုချိန်ထိတော့ ဟော်မုဇ်ရေလက်ကြားနဲ့ပတ်သက်ပြီး ရုရှားက အတော်လေး ကောင်းကောင်း ပြုမူခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: bangkokpost.com
ယနေ့ခေတ်
ရုရှားသည် NATO နယ်မြေကို တိုက်ခိုက်မည်မဟုတ်ဟု ထရမ့် ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်