‘ရန်သူအစစ်’ ကို ရင်ဆိုင်ကြရန် မွတ်စလင်ကမ္ဘာသို့ ခါမေနီ တိုက်တွန်း

တီဟီရန်၊ ဩဂုတ် ၃၀

အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင် မိုဂျတာဘာ ခါမေနီက မွတ်စလင်နိုင်ငံ အကြီးအကဲများအနေဖြင့် “၎င်းတို့၏ ရန်သူအစစ်ကို ခွဲခြားသိမြင်ကြရန်၊ ထိုရန်သူ၏ အစီအစဉ်များကို နားလည်သဘောပေါက်ကြရန်နှင့် ၎င်းကို တုံ့ပြန်ရင်ဆိုင်ကြရန်” သဝဏ်လွှာပေးပို့ကာ တိုက်တွန်းနှိုးဆော်လိုက်သည်။

အီရန်နိုင်ငံခြားရေးဒုတိယဝန်ကြီး ကာဇင် ဂါရီဘာဘာဒီက ဟော်မုဇ်ရေလက်ကြားသည် ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး အီရန်အနေဖြင့် ယင်းကို ပြန်ဖွင့်ရန် အလျင်စလိုမရှိကြောင်း ပြောကြားသည်။

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ၎င်းတို့အနေဖြင့် အဆိုပါရေလက်ကြားကို အခိုင်အမာထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အမေရိကန်ခေါင်းဆောင်များသည် စွမ်းအင်ဈေးနှုန်းများကို လှည့်ဖြားရန်အတွက် ရေလက်ကြားနှင့်ပတ်သက်၍ မမှန်ကန်သောထုတ်ပြန်ချက်များကို ဖြန့်ဝေနေသည်ဟု စွပ်စွဲခဲ့သည်။

အီရတ်နိုင်ငံသည် တဟီရန်နှင့် ဝါရှင်တန်တို့အကြား “ပေါင်းကူးတံတားတစ်ခု” ဖြစ်လာစေရန် ကြိုးပမ်းနေကြောင်း အီရတ်ဝန်ကြီးချုပ်၏ လုံခြုံရေးဆိုင်ရာအကြံပေး ကာဆင် အယ်လ်အာရာဂျီက Al Jazeera သတင်းဌာနသို့ ပြောကြားသည်။

Ref: aljazeera.com
ယနေ့ခေတ်

‘ရန်သူအစစ်’ ကို ရင်ဆိုင်ကြရန် မွတ်စလင်ကမ္ဘာသို့ ခါမေနီ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.