ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၀၀ ကျော်ကြာပြီးနောက် အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းနိုင်ငံသို့ရောက်ရှိ

လမ်ချာဘန်၊ စက်တင်ဘာ ၂

အမေရိကန်၏ အရှေ့အလယ်ပိုင်းတွင် ရက်ရှည်တပ်ဖြန့်ချထားမှုအပါအဝင် အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘော Abraham Lincoln သည် ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၀၀ ကျော်ကြာပြီးနောက် ဗုဒ္ဓဟူးနေ့နံနက်တွင် ထိုင်းနိုင်ငံ၏ လမ်ချာဘန်ရေနက်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး သင်္ဘောပေါ်တွင် စိတ်ကျန်းမာရေးစိုးရိမ်မှုများနှင့် ယိုယွင်းလာသောအခြေအနေများရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

သင်္ဘောသားနှင့် ရေတပ်သား ၅၀၀၀ ခန့်ပါရှိသော လင်ကွန်းသင်္ဘောသည် ပင်လယ်ပြင်တွင် ဆက်တိုက်နေထိုင်ခဲ့ရသည့်ရက်များ ခေတ်သစ်စံချိန်သစ်တင်ခဲ့ကြောင်း ဒီမိုကရက်တစ်လွှတ်တော်အမတ်များက ပြောကြားသည်။

ပုံမှန်အားဖြင့် ရေတပ်တပ်ဖြန့်ချထားမှုများသည် ခြောက်လမှ ကိုးလအထိကြာမြင့်သော်လည်း ပဋိပက္ခဖြစ်ပွားသည့်အချိန်များတွင်မူ တိုးချဲ့ချထားနိုင်သည်။

ထိုင်းအရာရှိများ၏အဆိုအရ အခြားအမေရိကန်ရေတပ်သင်္ဘောများနှင့်အတူ လေယာဉ်တင်သင်္ဘောသည် အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်အာရှကုန်းမကြီးရှိ တစ်ခုတည်းသော စာချုပ်မိတ်ဖက်ဖြစ်သည့် ထိုင်းနိုင်ငံတွင် ငါးရက်ကြာအနားယူခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် ရပ်နားမည်ဖြစ်သည်။

စစ်ဘက်ဝန်ထမ်းများ ထောင်ပေါင်းများစွာ ရောက်ရှိလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ လိင်ခရီးသွားလုပ်ငန်းနေရာတစ်ခုအဖြစ်လည်း နာမည်ကောင်းရရှိထားသော ပတ္တရားအပန်းဖြေမြို့တွင် စီးပွားရေးတိုးတက်မှုအတွက် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

ပတ္တရားနှင့် သင်္ဘောများဆိုက်ကပ်မည့် လမ်ချာဘန်ဆိပ်ကမ်းအကြား ဘတ်စ်ကား ၄၀ ခန့်ဖြင့် စစ်ဘက်ဝန်ထမ်းများကို သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပတ္တရားမြို့တော်ဝန် Poramase Ngampiches က ပြောကြားသည်။

“စစ်ဘက်ဝန်ထမ်းများအနေဖြင့် ရေပြင်ပေါ်တွင်ကစားရသည့် အားကစားနည်းများအားလုံး၊ ဂျက်စကီးစီးခြင်း (Jet skiing)၊ ဘန်ဂျီခုန်ခြင်း (Bungee jumping)၊ နပန်းသတ်ခြင်းနှင့် လက်ဝှေ့ထိုးခြင်းကဲ့သို့သော လှုပ်ရှားမှုများနှင့် အချို့သောနေရာများတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားကြောင်း” ၎င်းက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်ကုန်က ပြည့်တန်ဆာလုပ်ငန်းဟု သံသယရှိသူ ၄၀ မှ ၅၀ အထိ ဖမ်းဆီးခံခဲ့ရသည့် စီးနင်းမှုများအပြီးတွင် ရဲတပ်ဖွဲ့က ပတ္တရား၏ အဓိကကမ်းခြေနှင့် ညဘက်အပန်းဖြေရပ်ကွက်တစ်ဝိုက်တွင် လှည့်ကင်းများ ထပ်မံချထားမည်ဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်သည့် လိင်လုပ်ငန်းသည် ရံဖန်ရံခါ နှိမ်နင်းမှုများရှိနေသော်လည်း ဘန်ကောက်နှင့် ပတ္တရား၏ အစိတ်အပိုင်းများအပါအဝင် အဓိကခရီးသွားလုပ်ငန်းဗဟိုချက်များတွင် ပေါ်ပေါ်ထင်ထင်မြင်တွေ့ နိုင်သည်။

Ref: bangkokpost.com
ယနေ့ခေတ်

ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၀၀ ကျော်ကြာပြီးနောက် အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းနိုင်ငံသို့ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.