ဂျာမန်အဓိပတိ ဖရက်ဒရစ် မာဇ်သည် အစွန်းရောက်လက်ယာယိမ်းများ၏ ရွေးကောက်ပွဲအောင်ပွဲကြောင့် ဖိအားများခံနေရ

ဘာလင်၊ စက်တင်ဘာ ၇

ဂျာမနီနိုင်ငံအရှေ့ပိုင်း (ကွန်မြူနစ်အုပ်ချုပ်မှုအောက်တွင်ရှိခဲ့ဖူးသောဒေသ) ၏ ပြည်နယ်ရွေးကောက်ပွဲတွင် လက်ယာစွန်းရောက် AfD (Alternative for Germany) ပါတီကို အကြီးအကျယ် ရှုံးနိမ့်ခဲ့ရခြင်းအပေါ် ဆွေးနွေးသုံးသပ်ရန်အတွက် ဂျာမန်အဓိပတိ ဖရက်ဒရစ် မာဇ်သည် ၎င်း၏ CDU (ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ) ပါတီနှင့် တနင်္လာနေ့တွင် အရေးပေါ်အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်ရေး Alternative for Germany ပါတီသည် တနင်္ဂနွေနေ့တွင် Saxony-Anhalt တွင် မဲ ၄၄ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးအောင်ပွဲရရှိခဲ့ပြီး အလယ်လက်ယာယိမ်း CDU အတွက် ၁၈ ရာခိုင်နှုန်းခန့်သာရရှိကြောင်း ရုပ်သံထုတ်လွှင့်သူများ၏ ခန့်မှန်းချက်အရ သိရသည်။

“သိသာစွာ စိတ်ပျက်အားလျော့နေသည့် CDU ပါတီ၏ ပြည်နယ်ဝန်ကြီးချုပ် ဆဗန် ရှုလ်ဇေက ၎င်း၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများကြောင့် အမြဲတမ်းအဆင်မပြေခဲ့ကြောင်း ဝန်ခံခဲ့ပြီး ‘ကျွန်တော်တို့ဟာ ရှေ့ကနေ ဆီးကြိုတိုက်ခတ်တဲ့ လေပြင်းတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရလို့ ဒါဟာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး’ ဟု ပြောကြားခဲ့သည်”

“အဆိုပါ ရွေးကောက်ပွဲ မဲပုံးရလဒ် အောင်ပွဲကြောင့် ဒေါ်နယ်ထရမ့်နှင့် မော်စကိုကို လိုလားထောက်ခံပြီး ဂျာမနီ ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီက ‘လက်ယာစွန်း အစွန်း ရောက်’ အဖြစ် တရားဝင်သတ်မှတ်ထားသည့် AfD ပါတီသည် ၎င်းတို့၏သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ပြည်နယ်အစိုးရတစ်ရပ်ကို ဦးဆောင်ရန် အလှမ်းမဝေးတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်”

“သို့ရာတွင် အဆိုပါရလဒ်သည် ပြတ်ပြတ်သားသား မဲအများစုရရှိရန် အနည်းငယ်လိုအပ်နေသေးပုံရသဖြင့် မက်ဒ် ဒီဘာ့ဂ်ပြည်နယ်လွှတ်တော်တွင် အစိုးရသစ်တစ်ရပ် မဖွဲ့စည်းနိုင်မီ ပါတီများအကြား အချိန်ကြန့်ကြာမည့် ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် လမ်းစပျိုးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်”

သို့သော် ရလဒ်သည် စစ်ပြီးခေတ်တွင် အစွန်းရောက်ပါတီများကို ဝေးဝေးမှထိန်းချုပ်ထားနိုင်ခဲ့သည့် ဂျာမနီတစ်လွှားတွင် တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်စေခဲ့သည်။

“ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြည်နယ်အဆင့်ပါတီခွဲကို လက်ယာစွန်းအစွန်းရောက်အဖြစ် သတ်မှတ်ထားတဲ့ AfD ပါတီဟာ ပြတ်ပြတ်သားသားမဲအများစုရရှိဖို့ နီးစပ်လို့နေပါပြီ။ ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် တုန်လှုပ်ခြောက်ခြားစရာ အခိုက်အတန့်ပါပဲ” ဟု ရှလက်စ်ဝစ်-ဟိုးစတိန်းပြည်နယ်၏ CDU ပါတီဝင် ဝန်ကြီးချုပ် ဒန်နီရယ် ဂန်သာက ပြောကြားသည်။

တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ဘာလင်ပါတီဌာနချုပ်မှ ရလဒ်များထွက်ပေါ်လာသည်ကို ကြည့်ရှုခဲ့သော်လည်း အများပြည်သူရှေ့တွင် မပြောခဲ့သော မာဇ်အတွက်ရလဒ်သည် သူ၏ ထောက်ခံမှုအဆင့်သတ်မှတ်ချက်များ သိသိသာသာကျဆင်းသွားချိန်တွင် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်သည်။

“ပြည်နယ်ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည့် AfD ပါတီ၏ ဦးဆောင်ကိုယ်စားလှယ် အသက် ၃၅ နှစ်အရွယ် အူးလ်ရစ်ချ် ဆစ်ဂ်မန်က အသက် ၇၀ အရွယ်ရှိ အဓိပတိမာဇ်အား AfD ပါတီအတွက် ‘အလွန်တော်သော မဲဆွယ်စည်းရုံးပေးသူတစ်ဦး’ ဟု သရော်လှောင်ပြောင်ခဲ့သည်”

“ဆစ်ဂ်မန်က ၎င်းတို့ပါတီသည် ‘သမိုင်းသစ်စိုက်ထူနိုင်ခဲ့ပြီ’ ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်များက ‘ဘာလင်ဗဟိုအစိုးရထံ သတိပေးချက်တစ်ခု’ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အဓိပတိရုံးတွင် မာဇ်ရှိနေသည့် နေ့ရက်တိုင်းသည် ‘မရှိသင့်တော့သည့် နေ့ရက်များ’ ဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်”

“AfD ပါတီ၏ အမျိုးသားအဆင့် ပူးတွဲခေါင်းဆောင်များဖြစ်ကြသော အဲလစ် ဝိုက်ဒယ်လ်နှင့် တီနို ချရူပါလာတို့က ယခုပြည်နယ်အဆင့်ပါတီခွဲအနေဖြင့် အစိုးရအာဏာကိုရယူရန် တိုက်တွန်းခဲ့ကြပြီး ယင်းကို ၂၀၂၉ ခုနှစ်တွင်ကျင်းပမည့် အမျိုးသားအဆင့် အထွေထွေရွေးကောက်ပွဲအတွက် စံပြပုံစံတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်”

ဂျာမန်ပြည်သူ့ရုပ်သံလွှင့်ဌာနများ၏ ခန့်မှန်းချက်အရ AfD သည် ဒေသဆိုင်ရာပါလီမန်တွင် ၄၂ နေရာ၏ အများစုနေရာရရှိရန် သုံးနေရာသာလိုအပ်တော့သည်။

Ref: bangkokpost.com
ယနေ့ခေတ်

ဂျာမန်အဓိပတိ ဖရက်ဒရစ် မာဇ်သည် အစွန်းရောက်လက်ယာယိမ်းများ၏ ရွေးကောက်ပွဲအောင်ပွဲကြောင့် ဖိအားများခံနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.