တဲလ်အဗစ်၊ စက်တင်ဘာ ၈
တရားမဝင်သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသရှိ အစ္စရေးအခြေချနေထိုင်ရာ နေရာများမှ ထွက်ကုန်နှင့် ကုန်သွယ်မှုများအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ဗြိတိန်၏ အစီအစဉ်များနှင့် ပတ်သက်၍ အစ္စရေးနှင့် အမေရိကန်တို့က ဗြိတိန်ကို သတိပေးလိုက်ကြသည်။
အခြေချနေထိုင်ရာ နေရာများမှတင်ပို့သော စိုက်ပျိုးရေးထွက်ကုန်များထဲတွင် စွန်ပလွန်သီး၊ သရက်သီးနှင့် ထောပတ်သီးများပါဝင်ပြီး ဗြိတိန်နိုင်ငံအနေဖြင့် ထိုကဲ့သို့သောကုန်စည်များကို မည်သို့ကိုင်တွယ်ဖြေရှင်းနေသည်ဟူသော အချက်အလက်များလည်း ပါဝင်သည်။
အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ်က ထိုကန့်သတ်ချက်များကို “ကြီးလေးသော မှားယွင်းတွက်ချက်မှုတစ်ခု” ဟု ခေါ်ဆိုခဲ့ပြီး၊ လုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာကမူ “ဗြိတိန်၏ ရဲတင်းလွန်းမှု” ကို တုံ့ပြန်သည့်အနေဖြင့် ဂျေရုဆလင်အရှေ့ပိုင်းရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် အစ္စရေးအစိုးရအား တောင်းဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက် ဟပ်ကာဘီက ဗြိတိန်ကုမ္ပဏီများသည် အမေရိကန်ပြည်နယ်အချို့တွင် စီးပွားရေးလုပ်ကိုင်ခွင့် “ပိတ်ပင်” ခံရနိုင်ကြောင်း BBC သို့ ပြောကြားသည်။
အနောက်ဖက်ကမ်းဒေသရှိ အစ္စရေးအခြေချနေထိုင်မှုအားလုံးသည် နိုင်ငံတကာဥပဒေအရ တရားမဝင်ပေ။ ဗြိတိန်၏ပိတ်ဆို့အရေးယူမှုများသည် အဆိုပါသိမ်းပိုက်ထားသော နယ် မြေအတွင်း အိမ်ခြေအသစ် ၁,၂၀၀ တည်ဆောက်ရန် အစ္စရေးကစီစဉ်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခုနှစ်အတွင်း ပါလက်စတိုင်းလူမျိုးများအပေါ် အခြေချနေထိုင်သူ (ဂျူးအစွန်းရောက်) များ၏ တိုက်ခိုက်မှုများလည်း မြင့်တက်လာခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှုန်းမှာ တစ်ရက်လျှင် ပျမ်းမျှ သုံးဦးအထိတိုးလာကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။
Ref: bbc.com
ယနေ့ခေတ်
အနောက်ဖက်ကမ်းဒေသရှိ အစ္စရေးအခြေချနေထိုင်မှုများကို ဗြိတိန်က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည့်အပေါ် အစ္စရေးနှင့် အမေရိကန်တို့ ဗြိတိန်ကို သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်