ရန်ကုန်၊ စက်တင်ဘာ ၂၆
ယနေ့နံနက်အစောပိုင်း ငါးနာရီခန့်က ဒလမြို့မရဲစခန်းမှ အချုပ်သားခြောက်ယောက် ခေါင်မိုးဖောက်ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသူများကို ဒလမြို့နယ်အတွင်း ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သိရသည်။
“ပြေးသွားတာကခြောက်ယောက်။ လေးယောက်က မူးယစ်မှုနဲ့ နှစ်ရှည်ကျမယ့်ပုဒ်မနဲ့ တရားစွဲခံထားရတာ။ အမိန့်မချရသေးတဲ့လူတွေ။ နှစ်ယောက်ကတော့ ဘာမှုလဲမသိဘူး။ ခေါင်မိုးကိုဖောက်ပြီး ထွက်ပြေးသွားတာ။” ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထွက်ပြေးသွားသည့် အချုပ်သားများကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးပဲ လိုက်လံရှာဖွေနေပြီး ရဲစခန်းအနီးရှိ ရပ်ကွက်များတွင် လုံခြုံရေးအဖွဲ့ဝင်များထားရှိပြီး မျက်နှာ စိမ်းများကို စစ်ဆေးမှုများရှိနေကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကျော်အောင်
ဓာတ်ပုံ – ဒလမြို့ဆုံဆည်းရာ
ဒလမြို့မရဲစခန်းမှ အချုပ်သားခြောက်ယောက် ခေါင်မိုးဖောက် ထွက်ပြေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်