ကျောက်တော်ကြီးမှတ်တိုင်အနီး YBS ယာဥ်မောင်းမှ အငှားယာဥ်မောင်းအား ကားဖြင့်တိုက်မှုဖြစ်၊ အငှားယာဥ်မောင်းသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

ရန်ကုန်တိုင်း၊ စော်ဘွားကြီးကုန်းအနီး၊ ကျော်တော်ကြီးကားမှတ်တိုင်၌ YBS 43 ခရီးသည်တင်ယာဥ်မောင်းနှင့် အငှားယာဥ်မောင်းတို့ စကားများကြရာမှ အငှားယာဥ်မောင်အား ကားဖြင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၃ ရက်၊ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် မင်းဓမ္မလမ်း၊ စော်ဘွားကြီးကုန်းအနီး၊ ကျောက်တော်ကြီးမှတ်တိုင်နား၌ အငှားယာဥ်တစ်စီး၏ နောက်ပိုင်းအား YBS 43 ခရီးသည်တင်ယာဥ်မှဝင်တိုက်မိရာ အငှားယာဥ်မောင်းမှ ကားပေါ်မှဆင်းကာ ယာဥ်မောင်းချင်းစကားများခဲ့ပြီး YBS ခရီးသည်တင်ယာဥ်မောင်းမှ ကားဖြင့်ဝင်တိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“taxi ဖင်ကို YBS 43 ကဝင်တိုက်တာ Taxi အကိုကဆင်းပြောတာကို YBS driver ကတိုက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတာ လမ်းတလျှောက်အသားဖက်တွေနဲ့ လက်ကတနေရာ ကိုယ်ကတနေရာ ခေါင်းကကျောက်တော်ကြီးမှတ်တိုင်နားက ပြန်ရတယ်။” ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

ထိုယာဥ်တိုက်မှုဖြစ်စဥ်မှာ အလွန်ဆိုးရွားခဲ့ပြီး YBS 43 ပေါ်ပါသည့် ခရီးသည်များမှာ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် ယာဥ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း ဖြစ်စဥ်အနီးတွင်ရှိသူများ ၏ ပြောပြချက်အရ သိရသည်။

“ကားသမားကတော့ ထွက်ပြေးသွားတယ်၊ တစ်မှတ်တိုင်လောက်ကျော်မောင်းပြီး ခရီးသည်တွေကို ချပေးခဲ့တယ်ပြောတယ်။ နောက်ပြီမောင်းပြေးသွားတယ်။” ဟု ဖြစ်စဥ်အနီးတွင် ရှိနေသူတစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး တရားခံဖမ်းဆီးရမိရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူထံမှ သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကျောက်တော်ကြီးမှတ်တိုင်အနီး YBS ယာဥ်မောင်းမှ အငှားယာဥ်မောင်းအား ကားဖြင့်တိုက်မှုဖြစ်၊ အငှားယာဥ်မောင်းသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.