မင်္ဂလာဒုံ၌ ကားချင်းရှောင်ရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွား၊ ၈ တန်းကျောင်းသူ အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂

မင်္ဂလာဒုံမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကားချင်းရှောင်ရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသူတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံ ပရဟိတအသင်းထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ပျဉ်းမပင်ကျေးရွာအနီး၌ ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီဝန်းကျင်က ပဲခူး-ရန်ကုန်လိုင်းကားတစ်စီးက ပရိုဘောက်ယာဥ်အားရှောင်ရာမှ လမ်းသွယ် မှထွက်လာသော ဆိုင်ကယ်အားဝင်တိုက်ခဲ့ပြီး အုတ်နံရံနှင့်ထပ်မံတိုက်မိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

“ဆိုင်ကယ်ပေါ်မှာက မောင်းတဲ့သူနဲ့ ကလေးနှစ်ယောက်ပါလာတာ။ ဆိုင်ကယ်မောင်းတဲ့သူနဲ့ ရှစ်တန်းကျောင်းသူတစ်ယောက်ကတော့ ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ကားအောက်ကနေ ကယ်ဆယ်လိုက်နိုင်တယ်” ဟု ပုလဲအရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိ၍ နှစ်ဦးသေဆုံးသွားသောကြောင့် ပတ္တမြားလူငယ်ပရဟိတအသင်းနှင့် ပုလဲအရံမီးသတ်တပ်ဖွဲ့တို့မှ မြောက်ဥက္ကလာပဆေး ရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေပိုင်ဇော်

ဓာတ်ပုံ – Htin Lin Aung ( FB )

#ယနေ့ခေတ်

မင်္ဂလာဒုံ၌ ကားချင်းရှောင်ရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွား၊ ၈ တန်းကျောင်းသူ အပါအဝင် ၂ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.