မြန်မာနိုင်ငံတွင် လူပေါင်း ၁၈သန်းကျော် လူသားချင်းဆိုင်ရာ စာနာမှုအကူညီ လိုအပ်နေဟု ကုလအထူးကိုယ်စားလှယ် ဆို

နယူးယောက်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်း ၂ ဒသမ ၃သန်းကျော် နေရပ်စွန့်ခွာနေထိုင်နေရပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်နေသောအရေအတွက် ၁၈ ဒသမ ၆ သန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွန်အန်ဒရူးက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ်အတွင်း ကလေးငယ်ပေါင်း ၁၀,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ ပြင်းထန်သောရောဂါများနှင့် အာဟာရချို့တဲ့မှုများကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၎င်းက မြန်မာပြည်သူများနှင့်ပတ်သက်ပြီး နစက၏တုံ့ပြန်မှုများက အခက်ခဲပြဿနာဖြစ်စေခဲ့ကြောင်း၊ လက်ရှိအချိန်တွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်မှုနှင့် နေရပ်စွန့်ခွာရမှုများက အခက်ခဲပြဿနာများထဲတွင် ထိပ်ဆုံးမှာရှိနေကြောင်း ပြောသည်။

တွန်အန်ဒရူးက “မြန်မာနိုင်ငံက လေးငယ်တွေဟာ အာဟာရချို့တဲ့လို့ သေဆုံးရတာမျိုးတွေရှိခဲ့တယ်။ နိုင်ငံတဝှမ်းရှိ လူဦးရေရဲ့တစ်ဝက်လောက်က ဆင်းရဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သုံးနှစ်နီးပါးအတွင်း မြန်မာနိုင်ငံဟာ အရင်ကထက် အခက်ခဲတွေရင်ဆိုင်နေရတယ်။” ဟု ပြောသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် ရွေးကောက်ပွဲက လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ဖွယ်မရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဖမ်ဆီးထိန်းသိမ်းခံထားရသူ ၂၀,၀၀၀ ကျော်ရှိနေဆဲဖြစ်ကြောင်း တွန်အန်ဒရူးက ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com

Photo: France 24

မြန်မာနိုင်ငံတွင် လူပေါင်း ၁၈သန်းကျော် လူသားချင်းဆိုင်ရာ စာနာမှုအကူညီ လိုအပ်နေဟု ကုလအထူးကိုယ်စားလှယ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.