ဖေ့ဘွတ်စ်နှင့်အင်စတာဂရမ်တို့တွင် နည်းပညာပိုင်းချို့ယွင်းချက်ရှိလာခဲ့ပြီးနောက် မီတာကုမ္မဏီ၏ရှယ်များ ကျဆင်း

ဘန်ကောက်၊ မတ် ၇

မတ်လ ၅ ရက်နေ့က ကမ္ဘာကျော်မီတာကုမ္မဏီ၏ လူမူကွန်ရက်များဖြစ်သော ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ် အသုံးပြုမှု အခက်ခဲဖြစ်လာခဲ့ပြီးနောက် မီတာကုမ္မဏီ၏ ရှယ်ယာများ ရုတ်တရက်ကျဆင်းခဲ့ကြောင်း သိရသည်။

ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ်အသုံးပြုသူများသည် အဆိုပါလူမူကွန်ရက်များကို အသုံးပြုရာတွင် ၂ နာရီကျော်ကြာ အဆင်မပြေဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းကိုရိုက်ခတ်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။

ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ် လူမူကွန်ရက်များသည် နည်းပညာပိုင်းချို့ယွင်းချက်များဖြစ်လာခဲ့ပြီးနောက် မတ်လ ၅ ရက်၊ ညပိုင်းတွင် အသုံးပြုသူများကြား အဆင်မပြေဖြစ်လာခဲ့ပြီးနောက် အသုံးပြသူများက တိုင်ကြားမှုများရှိခဲ့ပြီး ဖေ့ဘွတ်စ်နှင့်ပတ်သက်ပြီး တိုင်ကြားစာ ၅ သိန်းကျော်၊ အင်တာစဂရမ်နှင့်ပတ်သက်ပြီး တိုင်ကြားစာ ၁ သိန်းနီးပါးရှိခဲ့ကြောင်းDowndetector က ဖော်ပြခဲ့သည်။

နည်းပညာပိုင်းချို့ယွင်းချက်ကြောင့် ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ် အသုံးပြုသူများကြား အဆင်မပြေဖြစ်ခဲ့ပြီးနောက် မီတာကုမ္မဏီ၏ ရှယ်ယာဈေးနှုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီတာကုမ္မဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော အန်ဒီစတုန်းက “နည်းပညာပိုင်းဆိုင်ရာ အခက်ခဲချို့ယွင်းချက်တွေ ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ လူမူကွန်ရက်တွေနဲ့ပတ်သက်ပြီး သုံးစွဲနေသူတွေဟာ ဝန်ဆောင်မှုအပြည့်အဝမရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ အခက်ခဲတွေကို ဖြေရှင်းနိုင်တယ်။” ဟု ပြောသည်။

မီတာကုမ္မဏီသည် ၎င်းတို့ လူမူကွန်ရက်များတွင်ဖြစ်ပေါ်ခဲ့သော နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်၏ အသေးစိတ်အခြေနေများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သိရ သည်။

ဖေ့ဘွတ်အသုံးပြုသူတစ်ဦးက “Facebook အသုံးပြုချိန်မှာ logged out ဖြစ်ခြင်းအပါအဝင် အခြားအခက်ခဲတွေရင်ဆိုင်ခဲ့ရတယ်။ အကောင့်ပြန်ဝင်ဖို့ ကြိုးပမ်းချိန်မှာလည်း Something went wrong. Please try again ပဲပေါ်နေခဲ့တယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

thaipbsworld.com

ဖေ့ဘွတ်စ်နှင့်အင်စတာဂရမ်တို့တွင် နည်းပညာပိုင်းချို့ယွင်းချက်ရှိလာခဲ့ပြီးနောက် မီတာကုမ္မဏီ၏ရှယ်များ ကျဆင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.