ဧရာဝတီတိုင်းတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၉၀ ကျော် ထောင်ဒဏ်များချမှတ်ခံရ

ပုသိမ်၊ မတ်လ ၁၆

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ ၉၀ ကျော်ကို ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ တစ်လအတွင်း ဧရာဝတီတိုင်းသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာအမျိုးသား ၅၀ ကျော်၊ အမျိုးသမီး ၄၀ ကျော်၊ စုစုပေါင်း ၉၄ ဦးဖမ်းဆီးခံရခြင်းဖြစ်ပြီး ထိုသို့အဖမ်းခံရသည့် ရိုဟင်ဂျာများကို ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“တစ်လအတွင်းဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါးအထိရှိခဲ့တယ်။ အဲ့ဒီဖမ်းမိတဲ့ ရိုဟင်ဂျာ ၉၄ ယောက်ပေါ့ အဖမ်းခံရတာ။ သူတို့ကို ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ သိရတယ်။အမျိုးသားမှတ်ပုံတင်နှင့် လူဝန်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆၃-က နဲ့အမှုဖွင့်အရေးယူပြီး ထောင်ဒဏ်နှစ်နှစ်စီ အသီးသီးချမှတ်ခဲ့တာလို့ သိရတယ်။” ဟု ၎င်းကဆက်ပြော သည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း ဖမ်းဆီးထောင်ဒဏ်ချမှတ်ခံရသည့် ရိုဟင်ဂျာ ၉၀ ကျော်သည် လပွတ္တာမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံ့ခင်းမြို့နယ် စသည့်မြို့နယ်တို့တွင် အများဆုံးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၉၀ ကျော် ထောင်ဒဏ်များချမှတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.