လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများခွင့်ပြုရန် အစ္စရေးနိုင်ငံကို ICJ တောင်းဆို

ဟိတ်၊ မတ် ၂၉

အစ္စရေးနိုင်ငံကို ဂါဇာဒေသသို့ အစားစာနှင့်ဆေးဝါးများကူညီထောက်ပံ့ပေးခြင်းကို နှောင့်နေးမှုမရှိဘဲ ကူညီထောက်ပံ့ပေးခွင့်ပြုရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICJ) က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

နိုင်ငံတကာရာဇဝတ်တရားရုံးက “ အစ္စရေးနိုင်ငံဟာ နှောင့်နေးမှုမရှိဘဲ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးတာတွေကို ခွင့်ပြုပေးရမယ်။ ဆေးဝါးနဲ့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပစ္စည်းတွေကို ကူညီထောက်ပံ့ပေးခွင့် ချက်ချင်းခွင့်ပြုရမယ်။” ဟု ပြောသည်။

မတ်လ ၂၆ ရက်နေ့ကကျင်းပခဲ့သော ကုလသမဂ္ ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ဂါဇာစစ်ပွဲကို ချက်ချင်းအပစ်ခတ်ရပ်စဲရန်နှင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးခွင့်ပြုရန် ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၄ နိုင်ငံက ထောက်ခံမဲပေးကာ တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် (ICJ) က ထပ်မံအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက အစ္စရေးသည် ဂါဇာဒေသကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးခြင်းများကို တားဆီးပိတ်ပင်ခဲ့ရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာအဖွဲ့စည်းများ၏ ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်ခဲ့ရသည်။

ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း လူမျိုးသုန်းသတ်ဖြတ်မှုများ ကျူးလွန်သည်ဆိုပြီး တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံကို နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုခြင်းများရှိနေခဲ့ကြောင်းသိရသည်။

နိုင်ငံတကာရာဇဝတ်တရားရုံးသည် အစ္စရေးကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးခွင့်ပြုရန် အမိန့်ချမှတ်ခဲ့သော်လည်း တရားရုံးကဆုံးဖြတ်ချက်အမိန့်ကို အကောင်ထည်ဖော်စေရန် လုပ်ပိုင်ခွင့်ပိုင်းအားနည်းကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဂါဇာဒေသတွင် လူပေါင်း ၂ ဒသမ ၂ သန်း အစားစာမလုံခြုံမှုများဖြင့် ရင်ဆိုင်နေရကြောင်း ကုလ သမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၃၀,၀၀၀ ကျော်သေဆုံးထားပြီး လူပေါင်း ၇ သောင်းကျော် ဒဏ်ရာရရှိထားကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများခွင့်ပြုရန် အစ္စရေးနိုင်ငံကို ICJ တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.