မြန်မာနေရပ်စွန့်ခွာသူ ၁သိန်းကို လက်ခံဖွယ်ရှိနေဟု ထိုင်းအစိုးရ ဆို

ဘန်ကောက်၊ ဧပြီ ၉

ထိုင်းနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူတစ်သိန်းကို လက်ခံသွားဖွယ်ရှိနေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများထဲတွင် ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပန်ပရီဘာဟစ်ဒါ နုကာရာက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ ပဋိပက္ခတွေမှာ ကြားနေနိုင်ငံအဖြစ်သာရပ်တည်မှာပါ။ ငြိမ်းချမ်းရေးကို ဖန်တီးနိုင်အောင် သက်ဆိုင်တဲ့အဖွဲ့စည်းအားလုံး စေ့စပ်ဆွေးနွေးဖို့ တိုက်တွန်းလိုတယ်။” ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကလည်း “ မြန်မာနိုင်ငံရဲ့လက်ရှိအခြေနေတွေဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးတယ်။ ထိုင်းအစိုးရဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ဖန်တီးနိုင်အောင် သက်ဆိုင်တဲ့အဖွဲ့စည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အဆင့်သင့်ရှိနေတယ်။” ဟု ကမ္ဘာကျော်လူမူကွန်ရက်တစ်ခုဖြစ်သော တွစ်တာ သို့မဟုတ် X လူမူကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ဆာရက်သာတာဗီဆင် ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီးနောက်ပိုင်းတည်းက ထိုင်းနိုင်ငံသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမှုများအပါအဝင် မြန်မာအရေးကို ဆွေး နွေးဖြေရှင်းနိုင်ရန် ကူညီပေးခဲ့ကြောင်း သိရသည်။

ထိုင်းလွှတ်တော်အမတ်များသည် မြန်မာအစိုးရက ကန့်ကွက်မှုများရှိနေသော်လည်း ပြီးခဲ့သောမတ်လအတွင်း အတိုက်ခံအုပ်စုများ၏ ကိုယ်စားလှယ်များကိုဖိတ်ကြားကာ မြန်မာအရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

thesun.my/world

မြန်မာနေရပ်စွန့်ခွာသူ ၁သိန်းကို လက်ခံဖွယ်ရှိနေဟု ထိုင်းအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.