ဗြိတိန်နိုင်ငံတွင် စစ်မှုထမ်းဥပဒေသကို ပြန်လည်သတ်မှတ်ရန် စီစဉ်နေ

လန်ဒန်၊ မေ ၂၇

ဗြိတိန်ဝန်ကြီးချုပ် ရီရှိ ဆူနက်က ရွေးကောက်ပွဲအပြီးတွင် ကွန်ဆာဗေးတစ်ပါတီ ဆက်လက်အာဏာရမည်ဆိုလျှင် စစ်မှုထမ်းခြင်းဥပဒေကို ပြန်လည်သတ်မှတ်ပြဌာန်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုက်သည်။

စစ်မှုထမ်းဥပဒေအစီအစဉ်အရ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉ ဘီလျံကုန်ကျမည်ဖြစ်ပြီး အသက် ၁၈ နှစ်ရှိသူအားလုံး စစ်မှုထမ်းရန် အချိန်ပြည့် သို့မဟုတ် လုပ်အားပေးပုံစံမျိုး တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေ ပြန်လည်သတ်မှတ်ပြဌာန်းခြင်းသည် နိုင်ငံအမျိးသားရေးစိတ်ဓာတ် ပိုမိုကောင်းမွန်စေရန် အကူညီပေးနိုင်ဖွယ်ရှိနေကြောင်း၊ လူငယ်များအတွက် ဘဝအပြောင်းလဲဖြစ်လာစေရန် အကူညီဖြစ်လာဖွယ်ရှိနေကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ်က “ကမ္ဘာကြီးဟာ မသေချာမရေရာတွေ အဖြစ်များနေတယ်။ ကျွန်တော်တို့ဟာ ဂရိတ်နိုင်ငံဖြစ်တယ်။ လူငယ်မျိုးဆက်တွေဟာ ထိုက်တန်တဲ့အတွေ့ကြုံတွေအ ပြင် အခွင့်ရေးကောင်းတွေရရှိနိုင်တယ်။” ဟု ပြောသည်။

ဗြိတိန်အခြေစိုက် ဒေးလီးမေလ်းသတင်းစာက ဗြိတိန်အစိုးရသည် စစ်မှုထမ်းဥပဒေကို ပြန်လည်သတ်မှတ်ပြဌာန်းရန် လျိုဝှက်စီစဉ်နေကြောင်း ဖော်ပြထားသည်။

ဗြိတိန်အစိုးရ၏ စာမျက်နှာ ၄၀ ပါသော စာတမ်းထဲတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကြောင့် စစ်မှုထမ်းဥပဒေကို ပြန်လည်သတ်မှတ်ပြဌာန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံနှင့်တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ဗြိတိန်နိုင်ငံတွင် စစ်မှုထမ်းဥပဒေသကို ပြန်လည်သတ်မှတ်ရန် စီစဉ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.