လှည်းကူးတွင် ရုပ်ရှင်မြို့​တော်စီမံကိန်း​မြေ တည်​ဆောက်​ရေးအတွက် စီးပွား​ရေးလုပ်ငန်းရှင်များ ဖိတ်​ခေါ်

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်တိုင်း​ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ​မြေဧက ၂၀၀ တွင် ရုပ်ရှင်မြို့တော်စီမံကိန်း​မြေ တည်​ဆောက်​ရေးအတွက် စီးပွား​ရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း ဇွန် ၁ ရက်၊ ​နေ့စွဲဖြင့် မြန်မာနိုင် ငံရုပ်ရှင်အစည်းအရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒီ​မြေဧက ၂၀၀ မှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ရိုက်ကူး​ရေးလုပ်မယ်။ ​ကြော်ငြာရိုက်မယ်။ အဲဒီအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အလွှာ​ပေါင်းစုံဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ​၊ ရုပ် ရှင်ကုမ္ပဏီ၊ ရုပ်ရှင်ရုံပိုင်ရှင်နဲ့ ရုပ်ရှင်နယ်ပယ်ကို စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖိတ်ခေါ်ထားပါတယ်”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ရုပ်ရှင်မြို့တော်ခြံကြီးကို နိုင်ငံတော်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ နှစ် ၃၀ လုပ်ပိုင်ခွင့်ပြုထား​ကြောင်း သိရသည်။

ရုပ်ရှင်မြို့​တော်ခြံကြီးသည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂ဝ၊ ၄ ဖာလုံတွင်တည်ရှိပြီး မြေဧက ၂ဝဝ ပေါ်တွင် စီမံကိန်း​မြေကို အမြန်ဆုံးအကောင်အထည်ဖော်​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

ရုပ်ရှင်မြို့​တော်ခြံကြီးတွင် ရုပ်ရှင်စင်တင်၊ စတူဒီယိုအသံသွင်းမှု၊ ရုပ်ရှင်ရိုက်ကူး​ရေး၊ သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများ နားနေနိုင်မည့် နားနေဆောင်များနှင့် စား​သောက်ဆိုင်များပါဝင်မည်ဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – ​CJ

လှည်းကူးတွင် ရုပ်ရှင်မြို့​တော်စီမံကိန်း​မြေ တည်​ဆောက်​ရေးအတွက် စီးပွား​ရေးလုပ်ငန်းရှင်များ ဖိတ်​ခေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.