ဂါဇာတွင် ပြန်ပေးဆွဲခံရသူပြန်ပေးဆွဲခံရသူလေးဦးကို အစ္စရေးစစ်တပ် ကယ်ထုတ်

ဂါဇာ၊ ဇွန် ၉

အစ္စရေးစစ်တပ်သည် ဂါဇာမြို့လယ်ခေါင်ရှိ ပြန်ပေးဆွဲခံထားရသူများအနက်မှ အနည်းဆုံး ၄ ဦးကို ဇွန်လ ၈ ရက်နေ့က ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို ပြီးခဲ့သောအောက်တိုဘာလတွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်းရာချီကို ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ်က ပြန်လည်ကယ်တင်ခဲ့သောလေးဦး ထဲတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲကြောင့် ပြန်ပေးဆွဲခံရသူများအနက်မှ လူပေါင်း ၁၁၆ ဦးသေဆုံးထားကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသူများ ပြန်လွတ်စေရန် ပြုလုပ်သော ကယ်ဆယ်ရေး လုပ်ငန်းသည် စိန်ခေါမှုများဖြင့်ရင်ဆိုင်နေရကြောင်း သိရသည်။

အစ္စရေးသည် ဂါဇာဒေသမြို့လယ်ရှိ မတူညီသောနေရာနှစ်ခုကို စီးနင်းချိန်အတွင်း လူလေးဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဟားမက်စ်အုပ်စုက အစ္စရေး၏စီးနင်းမှုများကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင် အဖွဲ့ကြား ဖြစ်ပွားနေသောစစ်ပွဲသည် အချိန် ၈ လကျော်ကြာချိန်တွင် အစ္စရေးသည် အမေရိကန်အပါအဝင် နိုင်ငံတကာဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ဂါဇာတွင် ပြန်ပေးဆွဲခံရသူပြန်ပေးဆွဲခံရသူလေးဦးကို အစ္စရေးစစ်တပ် ကယ်ထုတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.