ဘောက်ထော်တွင် လူငယ်တစ်ဦး ရထားတိုက်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ကံဘဲ့ဘူတာရုံနှင့် ဘောက်ထော်ဘူတာရုံကြားတွင် အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦး ရထားတိုက်ခံခဲ့ရပြီး စိုးရိမ်ရကြောင်း မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)မှ သိရသည်။

နိုဝင်ဘာ ၂၁ ရက်၊ နေ့လည် ၁ နာရီ မိနစ် ၅၀ အချိန်ခန့်က ရန်ကင်းမြို့နယ်၊ ကံဘဲ့ဘူတာရုံနှင့် ဘောက်ထော်ဘူတာရုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရပ်ကွက်ထဲကလူတွေပြောပုံအရတော့ သူကလွတ်တယ်ထင်ပြီး ကူးလိုက်တာ။ ပြောရရင် ရှပ်ထိသွားတာပေါ့။ ရထားကြိတ်ခံရရင် ပြတ်ထွက်သွားမှာလေ။ ညာခြေဖမိုး ပြတ်ရှဒဏ်ရာရတယ်။ ဦးခေါင်းကွဲသွားတယ်။ စိုးရိမ်ရတယ်။” ဟု မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါလူနာကို မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)ရုံးချူပ်မှ လူနာတင်ယာဥ်ဖြင့် အချိန်မီသွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူကို အရေးပေါ်ကုသမှုပြုလုပ်ပေး၍ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – မိုးစေတနာပရဟိတအသင်း (ရန်ကုန်)

#ယနေ့ခေတ်

ဘောက်ထော်တွင် လူငယ်တစ်ဦး ရထားတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.