မြို့ပတ်ရထားလက်မှတ်ခ ၁၀၀၀ ကျပ် ထပ်မံတိုးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် DEMU တွဲဆိုင်းသစ်များဖြင့် ပြောင်းလဲပြေးဆွဲပြီးနောက်ပိုင်း ယင်းနှင့်ကိုက်ညီသည့် နှုန်းထားတစ်ခုဖြစ်စေရန် လက်မှတ်ခနှုန်းထားကို ၁၀၀၀ ကျပ် ထပ်မံတိုးမြှင့်လိုက်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဒီဇင်ဘာ ၂ ရက်မှစတင်ပြီး မြို့ပတ်ရထားလက်မှတ်ခကို ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး သုညမိုင်မှ ၁၅ မိုင်ထိကို ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အစား ၅၀၀ ကျပ်အထိ ၊ ၁၅ မိုင်မှ မိုင် ၃၀ အထိ၊ ယခင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ရဲ့စရိတ်စကကို ကာမိဖို့အတွက် လက်မှတ်ခကို တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အခုထပ်မံတိုးမြှင့် သတ်မှတ်လိုက်တဲ့နှုန်းထားဟာ သင့်တင့်တဲ့ဈေးနှုန်းဖြစ်ပါတယ်။” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒီဇင်ဘာ ၁ ရက်မှစတင်ပြီး ရန်ကုန်အထိ လမ်းကြောင်း ၇ ခုနှင့် ရန်ကုန်မှ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်းကြောင်း ၇ ခု၊ စုစုပေါင်းလမ်းကြောင်း ၁၄ ခုအထိ DEMU တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ရထားလက်မှတ်ခ ထပ်မံတိုးမြှင့်လိုက်သည့်အတွက် ခရီးသည်များအနေဖြင့် အဆင်မပြေမှုများရှိ ကြောင်း ခရီးသည်များ၏ပြောကြားချက်အရ သိရသည်။

“၁၀၀၀ ဆိုရင်တော့ မစီးတော့ဘူး။ ကားခထက်တောင်ဈေးကြီးသေးတယ် သူက။ ရထားလက်မှတ်ခက အနိမ့် ဆုံးတော့ ဘတ်စ်ကားထက် ဈေးသက်သာရမှာလေ။ အခုဟာက ပိုဆိုးနေတယ်။” ဟု ခရီးသည်တစ်ဦးက ယနေ့ ခေတ်သို့ ပြောသည်။

သတင်း/ဓာတ်ပုံ – #စုစု

မြို့ပတ်ရထားလက်မှတ်ခ ၁၀၀၀ ကျပ် ထပ်မံတိုးမြှင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.