ခြံအမှတ်(၅၄)ကို ဝယ်ယူမည့်သူမရှိ လေလံပွဲမအောင်မြင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅

ဒေါ်အောင်းဆန်းစုကြည်နေထိုင်သည့် ခြံအမှတ်(၅၄)ကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တတိယအကြိမ်မြောက် လေလံတင်ရောင်းချခဲ့ရာ လေလံပွဲအောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။

ယခုတတိယအကြိမ်မြောက်‌ ကြမ်းခင်းလေလံဈေးကို ၂၉၇ ဘီလီယံဖြင့်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို နှစ်ကြိမ်တိတိလေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိခဲ့ခြင်းကြောင့် ဈေးထပ်မံလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်သူကဝယ်မှာလဲ။ နောက်တစ်ကြိမ် လေလံဈေးထပ်လျှော့ပြီးရောင်းရင်လည်း ပျက်မှာပဲ။ ဘယ်သူမှတော့ သမိုင်းတရားခံမဖြစ်ချင်ကြဘူး။” ဟု လေလံပွဲသို့ရောက်ရှိလာသည့် ရှေ့နေတစ်ဦးက ‌ယနေ့ခေတ်သို့ ပြောသည်။

ပထမအကြိမ်လေလံပွဲတွင် ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့် လေလံတင်ခဲ့ပြီး၊ ဒုတိယတစ်ကြိမ်တွင် ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)ဖြင့် ထပ်မံလေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ခြံအမှတ်(၅၄)ကို ဝယ်ယူမည့်သူမရှိ လေလံပွဲမအောင်မြင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.