ငလျင်ကြောင့် ပျက်စီးသွားသည့် ‌စာသင်ကျောင်းများကို ဦးစားပေးပြုပြင်မည်

ရန်ကုန်၊ ဧပြီ ၂၀

အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများကို ဦးစားပေးပြုပြင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့သည် အဆိုး ရွားဆုံးခံစားရခြင်းဖြစ်သည်။

“ကျောင်းတွေကို ဦးစားပေးပြုပြင်သွားမယ်လို့ ကနဦးသိရတယ်။ ကျောင်းတွေက ဇွန်လဆိုတတ်ရပြီလေ။ အခုဆို အငယ်တန်း‌ကလေးတွေရဲ့ အောင်စာရင်းကိုတောင်မထွက်နိုင်သေးဘူး” ဟု အထက်တန်းပြကျောင်းဆရာမတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ ၆၀၂၇ ဆူ၊ ဆေးရုံ /ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂၀၃ ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နစကသတင်းပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ငလျင်ကြောင့် ပျက်စီးသွားသည့် ‌စာသင်ကျောင်းများကို ဦးစားပေးပြုပြင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.