ငလျင်ဒဏ်သင့်အဆောက်အအုံများ လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်

ရန်ကုန်၊ မေ ၂၀

မန္တလေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့်အဆောက်အအုံများကို လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်သော (၆) မြို့နယ်အတွင်းရှိ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့်သတ်မှတ်ခံရသော အဆောက်အအုံပိုင်ရှင်များအနေဖြင့် မိမိတို့အဆောက်အအုံများ ပြန်လည်ပြင်ဆင်လိုပါက PE. RSE လိုင်စင်ရအင်ဂျင်နီယာများ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်သည်။

“ထောက်ခံချက်လုပ်ဖို့နေနေသာသာ ခုထိမဖြိုနိုင်သေးဘူး။ ပြန်ဆောက်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ဖြိုချတာတောင် ဘူဒိုဇာငှားရမ်းခမတတ်နိုင်လို့ မလုပ်နိုင်သေးဘူး။ ဖြိုချခက ဈေးအရမ်းကြီးတယ်” ဟု မန္တလေးတိုင်းဒေသကြီးမှ ငလျင်ဒဏ်သင့်အဆောက်အအုံပိုင်ရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆောက်အအုံ ပြန်လည်ပြင်ဆင်ခြင်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားသည်။

ထို့ပြင် အင်အားပြင်းငလျင်ကြီးလှုပ်ပြီး တစ်လကျော်ကြာသည်အထိ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်အဆောက်အဦများကို အလုံးစုံမရှင်းလင်းနိုင်သေးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ငလျင်ဒဏ်သင့်အဆောက်အအုံများ လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.