၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ‌မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်

ရန်ကုန်၊ မေ ၂၂

အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

‌မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအဖြစ် သတ်မှတ်ထားပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုအခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သို့သော် ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းစနစ်ဖြင့် ယခုပညာသင်နှစ်မှ စတင်ကျင့်သုံးမည်ဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများက မဲနှိုက်ရမည်ဖြစ်ကြောင်း သိရသည်။

“ဖတ်စာအုပ်ကတော့ အသစ်နဲ့အဟောင်းမဲနှိုက်ရမယ်။ အသစ်ရတဲ့သူက နောက်ပညာသင်နှစ်မှာပြန်အပ်ရမယ်။ အဟောင်းကတော့ ပြန်မအပ်ရဘူး။ ကျောင်းသုံးဖတ်စာအုပ်အသစ်ရတဲ့သူက ပြန်အပ်ရမှာဆိုတော့ သေချာကိုင်ရမယ်။ စုတ်ပြဲနေတာတွေ၊ သုံးမရတာတွေဆိုရင် ပြန်ဝယ်ပေးရမယ်။ အဲဒီအတွက်လက်မှတ်ထိုးရမယ်” ဟု ကျောင်းဆရာမတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှပေးစရာမလိုပဲ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုလုပ်ရန် နိုင်ငံပိုင်သတင်းစာမှတဆင့် ကြေညာထားသည်။

အကယ်၍ ကောက်ခံခြင်းပြုပါက ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားနိုင်ပြီး ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော်သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – ယနေ့ခေတ်

#ယနေ့ခေတ်

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ‌မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.