ဂျေရုဆလင်၊ ဇွန် ၁၉
အီရန်နျူကလီးယားစက်ရုံများကို ဇွန်လ ၁၉ ရက်နေ့က အစ္စရေးကပစ်ခတ်ခဲ့ပြီး၊ အီရန်၏ဒုံးကျည်များက အစ္စရေးဆေးရုံကိုထိမှန်ခဲ့သည်။ တီဟီရန်၏ နျူကလီးယားစက်ရုံများကို ဖျက်ဆီးရန်ကြိုးပမ်းသည့် လေကြောင်းတိုက်ခိုက်မှုများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနှင့်ပူးပေါင်းမည့်အခြေအနေကို ကမ္ဘာ့နိုင်ငံများက စောင့်ကြည့်နေသည်။
အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ် မပျက်စီးမချင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ကတိပြုထားပြီး တီဟီရန်အာဏာရှင်များသည် ကြီးကြီးမားမားပေးဆပ်ရမည်ဟု ၎င်းကဆိုသည်။
အစ္စရေးနိုင်ငံအား ခြိမ်းခြောက်မှုကိုချေမှုန်းရန်နှင့် အယာတိုလာအစိုးရကို မတည်မငြိမ်ဖြစ်စေရန်အတွက် တီဟီရန်ရှိ မဟာဗျူဟာကျသောပစ်မှတ်များကို ပြင်းထန်စွာတိုက်ခိုက်ရန် စစ်တပ်ကိုညွှန်ကြားထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ပြောကြားသည်။
အစ္စရေး၏တိုက်ခိုက်မှုများသည် အီရန်ခေါင်းဆောင်များကို ပြုတ်ကျစေနိုင်ကြောင်း နေတန်ယာဟုကပြောကြားပြီး တီဟီရန်၏ခြိမ်းခြောက်မှုအဖြစ်ရှိနေသည့် အရာမှန်သမျှကို ဖယ်ရှားမည်ဖြစ်ကြောင်း အစ္စရေးက ပြောကြားသည်။
အစ္စရေးက ၎င်း၏အဓိကပြိုင်ဘက်ကို လေကြောင်းမှ ဒုံးကျည်များဖြင့် တစ်ပတ်ကြာတိုက်ခိုက်မှုသည် အီရန်၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များ ချေမှုန်းနိုင်ခဲ့သည်။ ထို့အတူ အီရန်၏နျူကလီးယားစွမ်းရည်ကိုထိခိုက်ကာ လူရာနှင့်ချီသေဆုံးခဲ့သည်။ အီရန်၏လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် အနည်းဆုံး အရပ်သားနှစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့သည်။
Natanz ဒေသရှိ နျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အသုံးပြုသည့် အထူးပြုကိရိယာများပါဝင်သော အစိတ်အပိုင်းများနှင့် နေရာကိုလည်း အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ပြောကြားသည်။
အီရန်သည် အဏုမြူလက်နက်တည်ဆောက်ရန်အစီအစဉ်ကို အမြဲတမ်းငြင်းဆိုထားပြီး ၎င်း၏နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက်ဖြစ်ကြောင်း ပြောကြားသည်။
အစ္စရေးသည် ယင်းကို အတည်မပြု သို့မဟုတ် ငြင်းဆိုခြင်းမရှိသော်လည်း အီရန်သည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည်ဟု သေချာယူဆထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအကြီးအကဲ Rafael Grossi ကို ဝေဖန်ခဲ့ပြီး IAEA သည် အစ္စရေးမှစတင်ခဲ့သော မတရားသော ရန်စစစ်ပွဲတွင် မိတ်ဖက်ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
CNN နှင့်တွေ့ဆုံမေးမြန်းခန်းတွင် Grossi က အီရန်သည် နျူကလီးယားလက်နက်များထုတ်လုပ်ရန် စနစ်တကျကြိုးပမ်းခဲ့သည့် အထောက်အထားမရှိကြောင်း ပြောကြားခဲ့သည်ကို Baghaei က X တွင် ပို့စ်တစ်ခုဖြင့် တုံ့ပြန်ခဲ့သည်။
“ဒါက အရမ်းနောက်ကျနေပြီ မစ္စတာ Grossi” ဟု Baghaei က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်က IAEA ၏ဆုံးဖြတ်ချက်အရ အီရန်သည် နျူကလီးယားမပြန့်ပွားရေးစာချုပ်ပါ ၎င်း၏တာဝန်ဝတ္တရားများကိုချိုးဖောက်ကြောင်း ကြေညာခဲ့ပြီး၊ အဆိုပါကြေညာချက်ကို အစ္စရေးက အီရန်နိုင်ငံအားတိုက်ခိုက်မှုတွင် အကြောင်းပြချက်အဖြစ် အသုံး ပြုခဲ့သည်ဟု ဆိုသည်။
ကြာသပတေးနေ့ နံနက်ပိုင်းက အီရန်နိုင်ငံတောင်ပိုင်းရှိ ဆေးရုံတစ်ရုံအပါအဝင် လူနေထူထပ်သောနေရာများကို အီရန်က ဒုံးကျည်အများအပြား ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါပစ်ခတ်မှုကြောင့် အစ္စရေးဆေးရုံ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
အီရန်တော်လှန်ရေးအစောင့်တပ်များသည် နိုင်ငံတောင်ဘက် Beersheba မြို့ရှိ Soroka ဆေးဘက်ဆိုင်ရာစင်တာအနီးတွင် အစ္စရေးစစ်တပ်နှင့် ထောက်လှမ်းရေးဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ပြောကြားသည်။
လူအများအပြားဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၏အရေးပေါ်ခန်းနှင့် အခြားအဆောက်အအုံများတွင် ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ဆေးရုံ၏လည်ပတ်နိုင်မှုကိုမူ မထိခိုက်စေကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အီရန်အနောက်ပိုင်း Kermanshah ပြည်နယ်ရှိ ဆေးရုံတစ်ရုံကို အစ္စရေးက ဒုံးကျည်ဖြင့်ပစ်ခတ်မှုအပြီး လေးရက်အကြာတွင် အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref: CNA
#ယနေ့ခေတ်
အီရန်နျူကလီးယားစက်ရုံများကို အစ္စရေးတိုက်ခိုက်၊ အီရန်တိုက်ခိုက်မှုကြောင့် အစ္စရေးဆေးရုံထိမှန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်