နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် ထိုင်းဝန်ကြီးချုပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမည်

ဘန်ကောက်၊ ဇွန် ၂၀

ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်တို့ နယ်စပ်အရေးနှင့်ပတ်သက်သည့် ဖုန်းပြောကြားမှုသည် ပေါက်ကြားခဲ့သည်။ ပေါက်ကြားခဲ့သောဖုန်းပြောဆိုမှုတွင် ပေတုံတန်က အတိုက်အခံဟုခေါ်ဆိုခဲ့သော တပ်မှူးတစ်ဦးထံ သောကြာနေ့ (ဇွန် ၂၀ ရက်) တွင် အစိုးရကိုဖြုတ်ချရန် ခြိမ်းခြောက်နေသော အကျပ်အတည်းကို ကာကွယ်ရန် သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုအပေါ် ပေါက်ကွဲခဲ့သည့်အတွက် ရာထူးသက်တမ်း တစ်နှစ်မပြည့်သေးသော အသက် ၃၈ နှစ်အရွယ်ခေါင်းဆောင် သည် ကြာသပတေးနေ့တွင် လူသိရှင်ကြားတောင်းပန်ရန် ဖိအားပေးခံခဲ့ရသည်။

သူမ၏ အဓိကမဟာမိတ်ဖြစ်သော ကွန်ဆာဗေးတစ် Bhumjaithai ပါတီက သူမသည် တိုင်းပြည်နှင့် စစ်တပ်ကိုစော်ကားခဲ့ပြီး အစိုးရကိုပြိုလဲသွားစေသည်ဟုစွပ်စွဲကာ ဗုဒ္ဓဟူးနေ့က အစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

သောကြာနေ့တွင် နောက်ထပ်အရေးကြီးသော ညွန့်ပေါင်းမိတ်ဖက်ဖြစ်သည့် ကွန်ဆာဗေးတစ် ဒီမိုကရက်တစ်ပါတီက အစိုးရအဖွဲ့တွင်ဆက်ရှိနေမည်ဟု ကတိပြုခဲ့ခြင်း‌က ဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ပေတုံတန်အတွက် သတင်းကောင်းဖြစ်ခဲ့သည်။

“တိုင်းပြည်မှာ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းပေးဖို့ ဒီမိုကရက်ပါတီဟာ အစိုးရအဖွဲ့မှာဆက်ရှိနေမှာပါ” ဟု ပါတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ်ပါတီနှင့် United Thai Nation (UTN) ပါတီတို့ အကျပ်အတည်းနှင့်ပတ်သက်ပြီး အရေးတကြီးဆွေးနွေးမှုအပြီးတွင် တခြားညွန့်ပေါင်းပါတီဖြစ်သည့် Chartthaipattana က နုတ်ထွက်မည်မဟုတ်ကြောင်း ကြာသပတေးနေ့နှောင်းပိုင်းတွင် ပြောကြားသည်။

Bhumjaithai နုတ်ထွက်ပြီးနောက်၊ ပေတုံတန်၏ Pheu Thai ပါတီဦးဆောင်သောအစိုးရသည် ယခုအခါ ပါလီမန်တွင် အများစုကိုထိန်းထားနိုင်ခဲ့သည်။ အခြားအဓိကလုပ်ဖော်ကိုင်ဖက်များဆုံးရှုံးခြင်းသည် အစိုးရပြိုလဲသွားဖွယ်ရှိပြီး ထိုင်းနိုင်ငံသည် အုံ့မှိုင်းနေသည့်စီးပွားရေး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်ထားသော ကုန်သွယ်ရေး စည်းကြပ်မှုများနှင့် ရုန်းကန်နေရသောကြောင့် နိုင်ငံရေးမတည်ငြိမ်မှုကဲ့သို့ နောက်ထပ်ပြဿနာအသစ်ထဲသို့ ကျဆင်းသွားနိုင်သည်။

ပေတုံတန်သည် ထိုင်းနိုင်ငံအရှေ့မြောက်ဘက်နယ်စပ်မှ တပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Padklang နှင့် ညှိနှိုင်းရန် သောကြာနေ့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ထိုင်းနိုင် ငံအရှေ့မြောက်ဘက်သို့ သွားရောက်မည်ဖြစ်သည်။  

ပေါက်ကြားခဲ့သော ဟွန်ဆန်နှင့်ဖုန်းပြောကြားမှုတွင် ခေါင်းဆောင်နှစ်ဦးသည် လက်ရှိဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဖုန်းပြောကြားရာတွင် ပေတုံတန်သည် Boonsin အား ၎င်း၏အတိုက်အခံအဖြစ် ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖုန်းပြောဆိုမှု ပေါက်ကြားခြင်းနှင့်ပတ်သက်၍ ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တရားဝင်ကန့်ကွက်ခဲ့ပြီး ၎င်းသည် နှစ်ဘက်ကြားယုံကြည်မှုကို ပျက်စီးစေသည့် သံတမန်ရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ပေတုံတန်သည် ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုတွင် အားနည်းပြီး ဘက်မလိုက်သူဟု ဝေဖန်ခံခဲ့ရသော်လည်း စစ်တပ်မှူးနှင့်ပတ်သက်၍ သူမ၏မှတ်ချက်များသည် သူမအတွက် အဆိုးရွားဆုံးဖြစ်နိုင်ချေရှိသည်။

ထိုင်းနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံရေးတွင် အားကောင်းသည့်အခန်းကဏ္ဍမှပါဝင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး နိုင်ငံရေးသမားများသည် ၎င်းတို့အားဆန့်ကျင်ခြင်းမပြုရန် သတိပြုရလေ့ရှိသည်။

ကြာသပတေးနေ့တွင် လမ်းပေါ်ထွက်ဆန္ဒပြပွဲ အနည်းငယ်ဖြစ်ပွားခဲ့ပြီး သူမအား ရွေးကောက်ပွဲမှနုတ်ထွက်ရန် တောင်းဆိုမှုများရှိခဲ့သော်လည်း ပေါက်ကြားခဲ့သည့် ဖုန်းပြောဆိုမှုအတွက် ပေတုံတန်က လူသိရှင်ကြားတောင်းပန်သောအခါ သူမ၏ညွန့်ပေါင်းမိတ်ဖက်အချို့၏ ထောက်ခံအားပေးမှုသည် တပ်မတော်နှင့် ရဲချုပ်များရှေ့တွင် စည်းလုံးညီညွတ်မှုကို ပြသခဲ့သည်။

ပေတုံတန်သည် လွန်ခဲ့သည့်နှစ် ၂၀ လုံးလုံး သူမ၏ဖခင်ကိုတိုက်ခိုက်နေသည့် ကွန်ဆာဗေးတစ်ပါတီနှင့် ရှေးရိုးစွဲ စစ်လိုလားသောပါတီများကြား မတည်ငြိမ်သော မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် ယမန်နှစ် သြဂုတ်လတွင် ရာထူးရလာခဲ့သည်။

နှစ်ကြိမ်ရွေးကောက်ခံရသော သက်ဆင်သည် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရပြီး ရှေးရိုးဆန်သော၊ တော်ဝင်ဝါဒီထူထောင်မှုနှင့် ထိုအချိန်က သူတည်ထောင်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုတို့ကြား ခါးသီးသောတိုက်ပွဲသည် ထိုင်းနိုင်ငံရေးကို တလျှောက်လုံးလွှမ်းမိုးခဲ့သည်။

Ref: CNA

#ယနေ့ခေတ်

နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် ထိုင်းဝန်ကြီးချုပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.