ဘန်ကောက်၊ ဇူလိုင် ၂၈
ဘန်ကောက်မြို့၊ ချက်တူချက်ခရိုင် Or Tor Kor ဈေးတွင် တနင်္လာနေ့က လူငါးဦးကိုသေနတ်နှင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်လုပ်ကြံခဲ့မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။
အနက်ရောင်တီရှပ်အင်္ကျီနှင့် ဒူးဖုံးဘောင်းဘီတိုကို ဝတ်ဆင်ထားသည့် သေနတ်သမားသည် ဈေးအတွင်း ခုံတန်းရှည်တစ်ခုတွင် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး အလောင်းဘေးတွင် ကျောပိုးအိတ်တစ်လုံးပါရှိကြောင်း သိရသည်။
သေဆုံးသူမှာ ခွန်ခရိုင်၊ နခွန်ရတ်ခ်ျစီမာမှ အသက် ၆၁ နှစ်အရွယ်အမျိုးသားဖြစ် မှတ်ပုံပြီးတင်ကတ်နှင့် ယာဉ်မောင်းလိုင်စင်ကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကတ်များပေါ်တွင်တွေ့ရသည့်အမည်မှာ Noi Praidaen ဖြစ်သည်။ ဈေးလုံခြုံရေးဝန်ထမ်းလေးဦးနှင့် ဈေးသည်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ကယ်ဆယ်ရေးသမားများက အတည်ပြုခဲ့သည်။ အခြားအမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာများရရှိခဲ့သည်။
ဈေးဝင်းအတွင်းလမ်းမပေါ်တွင်လဲပြိုနေသည့် လုံခြုံရေးအစောင့်များ၏ ရုပ်အလောင်းတွေကိုတွေ့မြင်ရပြီး၊ သေနတ်သမားသည် အနောက်ဘက်သို့ ပြန်ထွက်ပြေးသွားသည့် ဗီဒီယိုဖိုင်ကို မျက်မြင်သက်သေများက ရိုက်ကူးထားသည်။
ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်တွင်ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးသမားများထံမှ သိရသည်။ ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ် ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
Credit: bangkokpost.com
#ယနေ့ခေတ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဈေးတွင် အမျိုးသားတစ်ဦးပစ်ခတ်မှုကြောင့် လူငါးဦးသေဆုံး နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်