ကွာလာလမ်ပူ၊ ဇူလိုင် ၂၈
ပြီးခဲ့သည့်သီတင်းပတ်က တိုက်ပွဲများ သိသိသာသာပြင်းထန်လာပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များအကြား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ လက်ရှိဥက္ကဋ္ဌ မလေးရှားနိုင်ငံသည် ပြီးခဲ့သည့်သောကြာနေ့က စေ့စပ်ညှိနှိုင်းရန်ကမ်းလှမ်းခဲ့သည်။ ထိုင်းသည် ယဉ်ကျေးစွာငြင်းဆိုခဲ့ပြီး ပဋိပက္ခကို နှစ်နိုင်ငံညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ၎င်း၏ရပ်တည်ချက်ကို ပြောကြားခဲ့သည်။
သို့သော်လည်း အကောက်ခွန်ဆိုင်ရာဆွေးနွေးပွဲများကို ရပ်ဆိုင်းရန် သမ္မတထရမ့်၏ခြိမ်းခြောက်မှုသည် ထိုင်းနိုင်ငံကို တွေ့ဆုံဆွေးနွေးရေးလမ်းပေါ်သို့ တွန်းပို့ခဲ့သည်။
ထိုင်းနိုင်ငံရင်ဆိုင်နေရသော အကောက်ခွန်နှုန်းထား ၃၆ ရာခိုင်နှုန်းကိုလျှော့ချရန် သဘောတူညီချက်တစ်ခု လိုအပ်နေသည်။ ထိုင်းစီးပွားရေးသည် အမေရိကန်သို့ ပို့ကုန်များအပေါ် မူတည်သည်။

သို့သော် ကမ္ဘောဒီးယားသည် အမေရိကန်သမ္မတ၏တောင်းဆိုချက်နှင့် အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလက်ခံရန် ဆန္ဒရှိသော်လည်း၊ ကမ္ဘောဒီးယား၏ စိတ်ရင်းမှန်သည့် ရည် ရွယ်ချက်တစ်ခုတည်းကိုသာ စဉ်းစားမည်ဟု ထိုင်းကပြောကြားသည်။ အမြှောက်များဖြင့် ပြင်းထန်စွာပစ်ခတ်မှုများသည် နေ့ချင်းညချင်း ဆက်လက်ဖြစ်ပွားခဲ့သည်။ ကမ္ဘောဒီးယား၏ ဒုံးကျည်များသည် ထိုင်းရွာများပေါ်သို့ ထပ်မံကျရောက်ခဲ့သည်။
နှစ်ဖက်တပ်များဆုတ်ခွာရန် နှစ်ဖက်သဘောတူထားပြီး၊ အပစ်အခတ်ရပ်စဲရေးကို လက်ခံထားသော်လည်း တိုက်ပွဲများရပ်တန့်ရန် ခက်ခဲမည်ဖြစ်ကြောင်း အကဲခတ်များက ပြောကြားသည်။
Credit: BBC News
အပစ်အခတ်ရပ်စဲရေး သဘောတူထားသော်လည်း တိုက်ပွဲများရပ်တန့်ရန် ခက်ခဲမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်