ရန်ကုန်၊ ဇူလိုင် ၂၈
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် စစ်တောင်းမြစ်ရေများ ဝင်ရောက်ခြင်းကြောင့် ရေကြီးရေလျှံမူများဖြစ်ပေါ်ကာ ဒေသခံနှစ်ဦး ရေစီးနှင့်မျောပါသေဆုံးကြောင်း သိရ သည်။
ဇူလိုင် ၂၈ ရက်၊ ယနေ့နံနက်ပိုင်းက ထန်းတပင်မြင်းစု၊ အုတ်တွင်းဘက်တွင် စစ်တောင်းမြစ်ရေများ ဝင်ရောက်လာခြင်းကြောင့် ရေကြီးရေလျှံမူများဖြစ်ပေါ်ကာ ဒေသခံနှစ်ဦး ရေစီးနှင့်မျောပါ၍ သေဆုံးခဲ့ကြောင်း သိရသည်။
“ရေကတော့ စိုးရိမ်ရေအမှတ်ကိုရောက်နေပါပြီ။ ကျွန်တော်အိမ်နောက်ကမြစ်ဆိုတော့။ ရေကတက်နေတုန်းပါ။ ထန်းတပင်၊ မြင်းစု၊ အုတ်တွင်းဘက် ရေထဲမျောလို့ နှစ်ယောက်သေတယ်။ လူကြီးပိုင်းတွေပဲ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ကျေးရွာကိုးရွားတွင် စစ်တောင်းမြစ်ရေများဝင်ရောက်မူကြောင့် စာသင်ကျောင်းများပိတ်ထားရကာ ဒေသခံများရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး သောက်သုံးရေးများပြတ်လတ်နေကြောင်း သိရသည်။

“အုတ်တွင်ထဲက ရွာကိုးရွားဆိုတော့ လူဦးရေကမနည်းဘူးဗျ။ အခုဆို သောက်ရေတွေကလဲပြတ်နေပြီ။ ကျွန် တော်တို့ကတော့ လောလောဆယ် ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓိကထားပြီး အရင်ဆုံးရွှေ့ပေးနေပါတယ်။ စာသင်းကျောင်းတွေကတော့ လောလောဆယ်ပိတ်ထားရတယ်။ ရေကြီးနေတာဆိုတော့” ဟု အုတ်တွင်းမြို့ရှိ လူမူကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အုတ်တွင်းမြို့သည် စစ်တောင်းမြစ်ရေကြောင့် ရေကြီးရေလျှံမူဖြစ်ပေါ်နေ၍ ကုလားရွာတွင်ပိတ်မိနေသည့် မိသား စုအချို့ကို ဒေသခံလူမူကယ်ဆယ်ရေးအဖွဲ့က ကူညီကယ်ဆယ်ရေးများ လုပ်ပေးခဲ့ကြောင်း သိရသည်။
တောင်ငူမြစ်ရေသည် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာမှ ၆၄၄ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းမှစ၍ တောင်ငူ၊ ရွှေကျင်၊ ဘားအံ၊ ဘီးလင်း၊ တာချီလိတ်နှင့် မဒေါက်မြို့ စသည့်မြို့ခြောက်မြို့နှင့် ရှမ်းပြည်(တောင်ပိုင်း) ကလောမြို့ရှိ ရပ်ကွက်နှစ်ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေမှုကြောင့် စျေးဆိုင်ခန်းများပိတ်ထားရကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-Badan Sai
#ယနေ့ခေတ်
အုတ်တွင်းမြို့တွင် ရေကြီးရေလျှံမူကြောင့် နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်