ငြိမ်းချမ်းရေးအတွက် ထရမ့်၏ရာဇသံအပြီး ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် ၂၂ ဦးသေဆုံး

ကိဗ်၊ ဇူလိုင် ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားကလိုက်နာရန် နောက်ဆုံးနေ့ကို သတ်မှတ်လိုက်ပြီးနောက် ရုရှား၏တိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် အရပ်သား ၂၂ ဦးသေဆုံးပြီး၊ ၈၅ ဦးဒဏ်ရာရရှိသွားကြောင်း ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောကြားသည်။

“ ရုရှားစစ်တပ်က ယူကရိန်းမှာ လူ ၂၂ ဦးကို သတ်ဖြတ်ခဲ့တဲ့နောက် သတ်ဖြတ်ခံရမှုတွေ ရပ်တန့်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်ကနေ အခုအချိန်မှာတော့ လွန်ခဲ့သည့်ရက်ကလိုအခြေအနေမျိုးကိုပဲ ပြန်လည်ခံစားလာရတယ်” ဟု ဇီလင်စကီးက X တွင်ရေးသားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အား ယူကရိန်းစစ်ပွဲကိုရပ်တန့်ရန် နောက်ဆုံးသတ်မှတ်ရက်ကို ပြတ်ပြတ်သားသားဆုံးဖြတ်ရန် ထရမ့်၏ပြောကြားချက်နှင့်ပတ်သက်ပြီး ကရင်မ လင်နန်းတော်က ယခုအချိန်အထိ နှုတ်ဆိတ်နေသော်လည်း ရုရှားသမ္မတအား လမ်းကြောင်းပြောင်းစေမည့် ဖိအားမဟုတ်ဟု လေ့လာသူများက ပြောဆိုကြသည်။

ရုရှားသမ္မတပူတင် ယခုလအစောပိုင်းကကြေညာခဲ့သည့် ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ်ရပ်စဲရေးကို ၁၀ ရက် မှ ၁၂ ရက်အတွင်းဟုသတ်မှတ်ကာ၊ လက်မခံပါက စွမ်းအင်အပါအဝင် ရုရှားပို့ကုန်များဝယ်ယူသည့် နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်မည်ဟု အမေရိကန်သမ္မတက တနင်္လာနေ့ကခြိမ်းခြောက်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက်ကို ပူတင်က ထပ်ခါတလဲလဲငြင်းဆိုမှုအပေါ် စိတ်ပျက်မိကြောင်းနှင့် အဖြေကဘာလဲဆိုတာသိရင် စောင့်စရာအကြောင်းမရှိပါဘူးဟု ထရမ့်က ပြောကြားသည်။

ရုရှားသည် သံတမန်နည်းအရ တုံ့ပြန်လိမ့်မည်ဆိုသည်နှင့် တိကျသောရက်များသတ်မှတ်ခြင်းကို စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကိုယ်၌က အားပေးမည်မဟုတ်ဟုဆိုသည့် ထောက် ပြချက်ကို ကရင်မလင်နန်းတော်နှင့်နီးစပ်သော မော်စကိုအခြေစိုက် နိုင်ငံရေးအတိုင်ပင်ခံ Sergei Markov က Telegram တွင်ပြောကြားသည်။ ထရမ့်၏ရာဇသံသည် လွန်ခဲ့သောနှစ် ၅၀၀ ကရာဇသံအားလုံးနှင့် အတူတူပင်ဖြစ်ပြီး ရုရှား၏အမှန်တကယ်တုံ့ ပြန်မှုကတော့ အရှုံးပဲရမယ် ငရဲသို့သာလားပါဟု  ၎င်းကဆိုသည်။

ထရမ့်နှင့်ဆက်ဆံရေးကိုထိန်းသိမ်းခြင်းသည် ပူတင်အတွက်အရေးကြီးသော်လည်း ရုရှားခေါင်းဆောင်သည် ရပ်တန့်ရန်ဆန္ဒမရှိသည့်အပြင် ဖိအားအောက်ရောက်နေသည်ဟု မော်စကိုအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ Andrei Kolesnikov က ပြောကြားသည်။

ယခုအခါ ပြည်နယ်လုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဌဖြစ်သည့် ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ထရမ့်သည် ရာဇသံဂိမ်းကိုကစားနေပြီး၊ ရုရှားနှင့် အမေရိကန်ကြား စစ်ပွဲဆီသို့ခြေလှမ်းနေသည်ဟု သတိပေးခဲ့သည်။

Credit: bangkokpost.com

#ယနေ့ခေတ်

ငြိမ်းချမ်းရေးအတွက် ထရမ့်၏ရာဇသံအပြီး ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် ၂၂ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.