ဘူရီရမ်၊ ဩဂုတ် ၆
ကမ္ဘောဒီးယားနှင့်ထိစပ်နေသော ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တွင် ဖမ်းဆီးခံရသည့် ကမ္ဘောဒီးယားစစ်သားတစ်ဦးသည် ကမ္ဘောဒီးယားဆီးနိတ်ဥက္ကဌ ဟွန်ဆန်၏ ကိုယ်ရံတော်ဌာနချုပ်(BHQ) အဖွဲ့ဝင်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သံသယရှိသည်။
ခရာဆမ်ခရိုင် လမ်ဒူရမ်ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာတွင် အင်္ဂါနေ့က BHQ အဖွဲ့ဝင်ကိုဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါပြည်နယ်ရှိ ထိုင်းစစ်တပ်၏လှုပ်ရှားမှုများကို သူလျှိုလုပ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
လမ်ဒူရမ်ရဲတပ်ဖွဲ့သည် BHQ ယူနီဖောင်း၊ ဖုံးကွယ်ထားသော ဦးထုပ်များနှင့်အတူ ၎င်း၏ရင်ဘတ်နှင့် လက်များတွင် တက်တူးထိုးထားသည့်အမျိုးသား၏ ဓာတ်ပုံအများအပြားကို လူမှုကွန်ရက်တွင်တင်ခဲ့သည်။

သူလျှိုဟုယူဆရသူကို ခရာဆမ်ရှိအိမ်တွင် ဖမ်းဆီးခဲ့သည်။ သူသည် ထိုင်းဇနီးသည်နှင့်အတူ ထိုနေရာတွင်နေထိုင်ခဲ့ကြောင်း ရဲကိုပြောသည်။
ဗုဒ္ဓဟူးနေ့တွင် ထိုင်းရဲတပ်ဖွဲ့က ကမ္ဘောဒီးယားအမျိုးသားကို အသက် ၃၆ နှစ်အရွယ် ဝင်းဟုသာ ဖော်ထုတ်ခဲ့သည်။
သံသယရှိသူသည် လွန်ခဲ့သည့်နှစ်များက BHQ မှနုတ်ထွက်ပြီး ထိုင်းနိုင်ငံတွင် နှစ်အတော်ကြာအလုပ်လုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။
သူသည် ခရာဆမ်ရှိ ထိုင်းဇနီး၏အိမ်တွင် တစ်နှစ်ကြာနေထိုင်ခဲ့သည်။ စစ်မှုထမ်းကတ်၊ နိုင်ငံကူးလက်မှတ်၊ ID နှင့် အလုပ်လုပ်ခွင့် စသည့်သက်သေခံများတွင် နာမည်လေးမျိုးအသုံးပြုခဲ့သည်ဟု ရဲကပြောသည်။ ဇူလိုင်လလယ်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ၎င်းက၀န်ခံခဲ့သည်။
ရဲတပ်ဖွဲ့က ၎င်းထံမှ ခဲယမ်းမီးကျောက်များနှင့်အတူ သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ဖုန်းတွင် ရိုင်ဖယ်သေနတ်ကိုင်ဆောင်ထားသည့် စစ်ယူနီဖောင်းနှင့်ဓာတ်ပုံများရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။
Credit: bangkokpost.com
#ယနေ့ခေတ်
ဟွန်ဆန်၏ သက်တော်စောင့်ကို ထိုင်းနယ်စပ် ဘူရီရမ်တွင် ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်