ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

ရန်ကုန်၊ ဩဂုတ် ၇

ယာယီသမ္မတ ဦးမြင့်ဆွေ(၇၄ နှစ်)သည် ယနေ့နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက်မှ ၁၁ ရက်နေ့အထိကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ်ထားရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြောညာချက်ထုတ်ပြန်ထားသည်။

#စုစု

ဓာတ်ပုံ – MOI

#ယနေ့ခေတ်

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.