ဘန်ကောက်မှဘားတစ်ခုတွင် မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ဟုဆို

ဘန်ကောက်၊ ဩဂုတ် ၁၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရားမဝင် ကာရာအိုကေဘားတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာတွင် မွေးနေ့ပါတီပြုလုပ်နေကြသည့် မြန်မာနိုင်ငံသား ၄၁ ယောက်သည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Wang Thonglang ရဲတပ်ဖွဲ့သည် ဩဂုတ် ၁၅ ရက်၊ သောကြာညတွင် စရီဝါရာလမ်းရှိ Town in Town ဟိုတယ် ဘေးလမ်းကြားတွင်ရှိသော အမည်မဲ့ဘားကို ဝင်ရောက်စီးနင်းခဲ့သည်။ မွေးနေ့ပွဲကျင်းပသည့်နေရာသည် တစ်ထပ်တိုက် စီးပွားရေးအဆောက်အအုံဖြစ်ပြီး ကာရာအိုကေခန်းသုံးခန်းပါရှိသည်။

စီးနင်းမှုအတွင်း မြန်မာနိုင်ငံသား ၆၀ ကျော်တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၁ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ မူးယစ်ဆေးဝါးများလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါအဖွဲ့သည် သီးသန့်မွေးနေ့ပါတီအတွက် စုဝေးရောက်ရှိနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ရှာဖွေမှုတွင် vape အရည်ကျည်တောင့်များနှင့် အခြားတရားမဝင်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ဘားဆိုင်သည် လိုင်စင်မရှိဘဲလည်ပတ်နေပြီး ပိုင်ရှင်တစ်ဦးဖြစ်သည့် ထိုင်းလူမျိုး Paphangkorn အသက် ၄၈ နှစ်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သံသယရှိသူအားလုံးကို Wang Thonglang ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

Credit: bangkokpost.com

#ယနေ့ခေတ်

ဘန်ကောက်မှဘားတစ်ခုတွင် မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.