ရန်ကုန်၊ ဇန်နဝါရီ ၃၁
မန္တလေးမြို့၊ မဟာမုနိဘုရားကြီး ထီးတင်ပွဲအခမ်းအနားတွင် ဂေါပကဥက္ကဋ္ဌ အအေးမိကာ ဦးနှောက်သွေးခဲပြီး ကွယ်လွန်သွားကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်၊ နံနက်ပိုင်းက မဟာမုနိဘုရားကြီး ထီးတော်ပင့်ဆောင်ချိန်တွင် ဂေါပကဥက္ကဋ္ဌ ဦးမြဝင်းသည် အအေးမိကာ ဦးနှောက်သွေးခဲ့ပြီး သေဆုံးသွားသည်ဟု သိရသည်။
“ မဟာ – မဟာက လူသုံးယောက်လောက်။ ဥက္ကဋ္ဌကြီး မောက်လျက်လဲကျလို့ဆိုပြီး ခေါ်သံကြားလို့ ကျွန်တော်အပါအဝင် အဖွဲ့ဝင်လေးယောက် ဝါးငြမ်းစင်ပေါ် ပြေးတက်ကြတာ။ သူကနှလုံးရောဂါရှိလို့ စက်တပ်ထားတာပဲရှိတယ်။ နှလုံးရှော့ဖြစ်ပြီးဆုံးတာတော့ မဟုတ်ဘူး။ စက်ကတော့ သူ့ဟာနဲ့သူခုန်တယ်။ အဓိကတော့ အအေးပတ်ပြီးတော့မှ ဦးနှောက်သွေးခဲတယ်လို့ ယူဆရတာပေါ့။ သေဆုံးတဲ့အချိန်က နံနက် ၇ နာရီ၊ ၅၀ မိနစ်မှာ အတည်ပြုတာပါ။” ဟု “မဟာ” လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မဟာမုနိဘုရာကြီးကို ပြန်လည်ပြုပြင်ပြီး ထီးတော်တင်အခမ်းအနားတွင် ဂေါပကဥက္ကဋ္ဌ ဦးမြဝင်း ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဦးနှောက်သွေးခဲပြီး သေဆုံးသွားသည့် ဂေါပကဥက္ကဋ္ဌ ဦးမြဝင်၏ ရုပ်အလောင်းကို ဒေါနဘွားရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်းထားရှိပြီး၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ နေ့လည် ၁ နာရီတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
မဟာမုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးမြဝင်း သေဆုံးရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
#ယနေ့ခေတ်
ဓာတ်ပုံ-ကိုသက်ကြီး စိန်ပန်း
#ချစ်ချစ်ခိုင်
မဟာမုနိဘုရားကြီး ထီးတင်ပွဲတွင် ဂေါပကဥက္ကဋ္ဌ ဦးနှောက်သွေးခဲပြီးကွယ်လွန် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်