ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ပဲခူတိုင်း၊ တောင်ငူမြို့တွင် ခြင်ဆေးထွန်းရာမှတဆင့် နေအိမ်ငါးလုံးမီးလောင်ကျွမ်းခဲ့ပြီး၊ တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ (၁၉) ရပ်ကွက်၊ မြင်းဖြူအင်နား ကရင်စျေးအနီးတွင် ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၂ နာရီကျော်က ခြင်းဆေးထွန်းရာမှတဆင့် နေအိမ်ငါးလုံးမီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တစ်ဦးသေတယ်။ နှစ်ဦးထိခိုက်ဒဏ်ရာရတယ်။ သေတဲ့သူနဲ့ ထိခိုက်ဒဏ်ရာရသူတွေက သမီးနဲ့ မြေး။ နေအိမ်ကအကုန်ကုန်တာ။ ခြံထဲမှာတင် အိမ်မကြီးကနှစ်လုံး။ အခန်းပုံစံနဲ့ထားထားတဲ့ဟာကသုံးလုံး၊ စုစုပေါင်းဆို ငါးလုံးလောက်ရှိမယ်။ ခြေဆေးထွန်းတာကနေလောင်တာပြောတယ်။ အဲအချိန်က မီးပျက်နေတဲ့အချိန်လည်းဖြစ်နေတယ်။” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေခေတ်သို့ ပြောသည်။
မီးလောင်မူတွင် ဒဏ်ရာရရှိသူတို့ကို ကရုဏရင်ခွင် အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည့် နံနက် ၂ နာရီ၊ ၅၈ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၃ နာရီ၊ ၂၂ မိနစ်တွင် မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေ သခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
#ယနေ့ခေတ်
ဓာတ်ပုံ-ကရုဏာရင်ခွင် လူမှုကယ်ဆယ်ရေးအသင်း
#ချစ်ချစ်ခိုင်
တောင်ငူမြို့တွင် နေအိမ်ငါးလုံးမီးလောင်ကျွမ်း၊ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်