တိုက်ကြီးမြို့နယ်တွင် စားသောက်ဆိုင် မီးလောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် စားသောက်ဆိုင်မီးလောင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၁၀ နာရီကျော်က တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု ရန်ကုန်-ပြည်လမ်းတွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတဆင့် ရွှေတိုက်ကြီး စားသောက်ဆိုင်မီးလောင်ခဲ့ကြောင်း သိရသည်။

“၁၂ ပေပတ်လည်အခန်းအတွင်းမှာ သွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာကြိုးက ချို့ယွင်းပြီးတော့ အပူလွန်ကဲရာကနေ မီးပွားထွက်ပြီး အောက်ကဆိုဖာခုံပေါ်ကို မီးစကျပြီး စလောင်တာ။ ဆုံးရှုံးမှုတန်ဖိုးကတော့ တွက်နေတုန်းပါ။ လူထိခိုက်မှုတော့ မရှိပါဘူး။ တိုက်ကြီးမှာ ပထမလနဲ့ ဒီလဆိုရင် မီးလောင်တာနှစ်ကြိမ်ရှိပါပြီ။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် နံနက် ၁၀ နာရီ ၅၁ မိနစ်တွင် စတင်ခဲ့ပြီး၊ နံနက် ၁၀ နာရီ ၅၉ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့များမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

#ယနေ့ခေတ်
ဓာတ်ပုံ-တိုက်ကြီးမီးသတ်တပ်ဖွဲ့
#ချစ်ချစ်ခိုင်

တိုက်ကြီးမြို့နယ်တွင် စားသောက်ဆိုင် မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.