မိုင်းယု၊ (၁၀၅) မိုင်တွင် မြေမြုပ်မိုင်းအစထိမှန်ကာ နှစ်ဦးဒဏ်ရာရရှိ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းယု (၁၀၅) မိုင်တွင် ခြုံနွယ်များရှင်လင်းရမှ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၁၀ နာရီပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းယု၊ (၁၀၅) မိုင်တွင် ဂိုဒေါင်ဝန်းတစ်ခုအတွင်း ခြုံနွယ်များခုတ်ထွင်ရှင်းလင်းရာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခြုံရှင်းရင်းနဲ့ ဓားရမ်းမိပြီးတော့ ပေါက်ကွဲသွားတာ။ တစ်ယောက်က ရွာထဲက။ တစ်ယောက်က အဲ့အိမ်က ခြံစောင့်ပါ။ အမျိုးသမီးက ယာဘက်ရင်အုံနဲ့ လည်ချောင်း‌အောက် မိုင်းစဖောက်ဝင်တာ။ မနေ့ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ ဒီနေ့ကတော့ မြို့ပေါ်ဆေးရုံရောက်သွားပြီဆိုတော့ အခြေအနေဘာမှန်းတော့ မသိရသေးဘူး။ အမျိုးသားတစ်ဦးက ယာလက်ချောင်း နှစ်ချောင်းပြတ်တယ်။ ခန္တာကိုယ်အောက်ပိုင်းကို မိုင်းစထိမှန်တယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုင်းစထိမှန်ကာ ဒဏ်ရာရရှိသူနှစ်ဦးကို ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု (၁၀၅) မိုင်မှ မူဆယ်‌မြို့ဆေးရုံကြီးသို့ အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ပါရမီလူမှုကူညီရေးအသင်း၊မိုင်းယု(၁၀၅)မိုင်
#ယနေ့ခေတ်

မိုင်းယု၊ (၁၀၅) မိုင်တွင် မြေမြုပ်မိုင်းအစထိမှန်ကာ နှစ်ဦးဒဏ်ရာရရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.