ဟင်္သာတတွင် ယာဉ်တိုက်မှုဖြစ် သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၃

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်နှင့် အိုးဝေယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိကာ အမျိုးသားသုံးဦးသေဆုံးပြီး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃ ရက်၊ နံနက် ၁၂ နာရီကျော်က ဟင်္သာတမြို၊ မိုင်တိုင်အမှတ်(၃/၃)နှင့် (၃/၄)ကြား နင်းကြမ်းကျေးရွာတွင် ဟင်္သာတမြို့မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသည့် ကုန်တင်ယာဉ်နှင့် ဇလွန်ဘုရားပွဲမှအပြန် ဟင်္သာတမြို့သို့မောင်းနှင်လာသည့် အိုးဝေ(အစိမ်းရောင်)ယာဉ်တို့ မျက်နှာချင်ဆိုင်တိုက်မိခြင်းကြောင့် အိုးဝေယာဉ်ပေါ်မှ အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး၊ လေဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကုန်တင်ကားနဲ့ အိုးဝေက မျက်နှာချင်းဆိုင်တိုက်တာ။ အိုးဝေးက ဇလွန်ဘုရားပွဲကအပြန် ကုန်တင်ကားကလည်း ရန်ကုန်ဘက်နေမောင်းလားတာ။ မျက်နှာချင်းဆိုင်တိုက်တာဆိုတော့ အရှိန်များလို့နေမယ်။ အိုးဝေပေါ်မှာက ယောင်္ကျားလေးခြောက်ယောက်ပါတာ။ သုံးယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ကုန်းကားပေါ်ကတစ်ယောက် ဒဏ်ရာရတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသွားများ၏ရုပ်အလောင်းများနှင့် ဒဏ်ရာရသူတို့ကို ဒေသခံလူမှုကူညီရေးအသင်းများက ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်

ဟင်္သာတတွင် ယာဉ်တိုက်မှုဖြစ် သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.