မြစ်ကြီးနားတွင် ပုဂ္ဂလိကစာကျက်ဝိုင်းမှအဆောင်တစ်ခု မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ မတ် ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရှိ “ပညာအလင်းတန်း” ပုဂ္ဂလိကစာကျက်ဝိုင်းမှအဆောင်တစ်ခု ဝါယာရှော့ဖြစ်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေ ၃ ရက်၊ ည ၇ နာရီကျော်က မြစ်ကြီးနားမြို့၊ နယ်မြေ(၇)၊ ခေမာသီရီရပ်ကွက်၊ ခေမာသီရီလမ်းသွယ်(၂၁)လမ်းတွင်ဖွင့်လှစ်ထားသည့် “ပညာအလင်းတန်း”ပုဂ္ဂလိကစာကျက်ဝိုင်းမှ အဆောင်တစ်ခုတွင် TV မှသွယ်တန်းထားသည့် လျှပ်စစ်ခလုတ်ခုံမှတဆင့် ဝါယာရှော့ဖြစ်ရာက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်တာက TV မှာသွယ်တန်းထားတဲ့မိန်းခုံကနေ ဝါယာရှော့ဖြစ်ပြီးတော့လောင်တာပါ။ ကျောင်းက ပညာသင်တဲ့ကျောင်းတော့မဟုတ်ဘူး။ စာကျက်ဝိုင်းဖွင့်ထားတဲ့အဆောင်ပါ။ ကလေးတွေက​ လွတ်ရာလွတ်ကြောင်းတော့သွားကြပါတယ်။ အန္တရာယ်လည်းကင်းပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်းသုံးဆယ်လောက်တော့ရှိပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် ည ၇ နာရီ၊ ၂၃ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၇ နာရီ၊ ၅၉ မိနစ်တွင်မီးထိန်းနိုင်ခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်

မြစ်ကြီးနားတွင် ပုဂ္ဂလိကစာကျက်ဝိုင်းမှအဆောင်တစ်ခု မီးလောင်မှုဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.