ဖားကန့်တွင် မြေစာပုံပြိုကျပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မြေစာပုံပြိုကျက အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃ ရက်၊ ညနေ ၅ နာရီခန့်က ဖားကန့်မြို့၊ မျောက်ဖြူ၊ ကုလားမှော်ကျေးရွာတွင် ကျောက်ရှာဖွေရာမှ မြေစာပုံပြိုကျကာ အမျိုးတစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အမျိုးသားတစ်ဦးက ခါးအောက်ပိုင်း မြေစာပိနေတာ။ ကယ်ဆယ်ရေလုပ်နေတဲ့အချိန် မြေစာထပ်ပြိုပြီတော့ မြေစာပိတာ။ ကယ်လို့မရတော့ဘဲ သေဆုံးသွားတယ်။ အသက်က တော့ ၄၀ ဝန်းကျင်လောက်ရှိပြီ။ မိန်းမနဲ့ သားသမီးတွေတော့ရှိတယ်။ နောက်တစ်ဦးက ဒဏ်ရာရတယ်။ အမျိုးသားတစ်ဦးပဲ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြေစာပြိုကျကာ သေဆုံးသွားသည့် ကိုကျော်ဟိန်း၏ရုပ်အလောင်းကို လူမှုကူညီရေးအသင်းမှ နေအိမ်သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၉ နာရီကျော်ခန့်က ဖားကန့်မြို့၊ ကုဋေမှော်တွင် မြေစာပုံပြိုကျကာ ရေမဆေးကျောက်ရှာဖွေသူ ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ မှော်စီစာတွင် မြေစာပြိုကျမှုကြောင့် ၁၇ ဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှင့်၊ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးတွင် ကျောက်စိမ်းနွံကန်ပြိုကျခဲ့မှုကြောင့် ကလေးငယ်အပါအဝင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် စုစုပေါင်း ၃၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ
#ယနေ့ခေတ်

ဖားကန့်တွင် မြေစာပုံပြိုကျပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.