ရန်ကုန်၊ မတ် ၁၅
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ကတ္ထူစက်ရုံမှတဆင့် စက်ရုံအချို့မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ ရက်၊ ည ၈ နာရီကျော်က မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန် (၁၀) လမ်းတွင် ကတ္ထူစက်ရုံမှတဆင့် အချိုရည်စက်ရုံနှင့် သကြားလုံးစက်ရုံတို့ကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မီးလောင်ရခြင်း၏အကြောင်းအရင်းကို သက်ဆိုင်ရာမီးသတ်ဌာမှ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“မီးလောင်တာတော့ သေချာမသိရဘူး။ ပထမစလောင်တာတော့ ကတ္ထူစက်ရုံက စတင်လောင်တာ။ ကတ္ထူစက်ရုံထဲမှာအောက်မှာက ဓာတုပစ္စည်းလိုလို ဂတ်စ်လိုလိုဟာတွေက ပေါက်ကွဲတယ်ပေါ့နော်။ မီးကတော့ ထိန်းလို့မရဘူး။ အချိုရည်စက်ရုံကိုလည်းကူးတယ်။ အထဲမှာ ကုမ္ပဏီကဘယ်လောက်လုပ်ပိုင်ခွင့်ယူထားလည်းတော့မသိဘူး။ သကြားလုံးစက်ရုံလည်းပါတယ်။ စက်ရုံပစ္စည်းတွေလောင်တာ။ မီးသတ်တပ်ဖွဲဝင်တွေတော့ အယောက် ၅၀ လောက် ဒဏ်ရာအနည်းငယ်ရရှိတယ်။ တစ်ယောက်တော့ ဆေးရုံးတင်ရတယ်။” ဟု အင်းစိန်မြို့နယ်ကြက်ခြေနီးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည့် ည ၈ နာရီ ၁၈ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၁၂ နာရီ၊ မိနစ် ၃၀ တွင်မီးထိန်းနိုင်ခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းများနှင့် အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းတို့က ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၃ ရက်၊ ည ၁၀ ကျော်ကလည်း အင်းစိန်မြို့နယ်၊ စျေးကုန်းရပ်ကွက်၊ အင်းစိန်မြို့မစျေး မီးလောင်းကျွမ်းခဲ့ကြောင်း သိရသည်။
Video – အင်းစိန်ကြက်ခြေနီအသင်း
မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံအချို့မီးလောင်ကျွမ်း၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀ နီးပါး ဒဏ်ရာရရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်