ဝမ်းတွင်းမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၃

မန္တလေးတိုင်း၊ မတ္ထီလာခရိုင်၊ ဝမ်းတွင်မြို့တွင် တွဲကားနှင့် ခရီးသည်တင်ကားတို့ ဝင်တိုက်မိရာက တစ်ဦးသေဆုံးခဲ့ပြီး၊ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ ရက်၊ နေ့လည် ၂ နာရီကျော်က၊ ဝမ်းတွင်းမြို့၊ ရွှေတောင်ကျေးရွာ တောင်ဖက်တွင် တွဲကားတစ်စီးက ခရီးသည်တင်ကားကိုဝင်တိုက်ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွှေတောင်ကျေးရွာ တောင်ဖက်နားမှာ တွဲကားက ခရီးသည်တင်ကားကိုဝင်တိုက်တာ။ ခရီးသည်တင်ကားပေါ်က အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးနှစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသားတစ်ဦးက အခင်းဖြစ်တဲ့နေရာမှာတင်သေဆုံးသွားတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသား၏ရုပ်အလောင်းကို သန္တိသုခ လူမှုကူညီရေးအသင်းမှ ဝမ်းတွင်းမြို့ပြည်သူ့ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-မင်းမင်း
ယနေ့ခေတ်

ဝမ်းတွင်းမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.