တိုင်းနှင့် ပြည်နယ်အချို့တွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့

ရန်ကုန်၊ မတ် ၂၄

တိုင်းနှင့် ပြည်နယ်အချို့တွင် ယမန်နေ့က အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ ၂၃ ရက်၊ ညနေ ၆ နာရီ၊ ၁၄ မိနစ်ခန့်က ပျဉ်းမနားမြို့တွင် ၄.၄ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့ထိတ်လန့်ခဲ့ကြောင်း သိရသည်။

“တချို့နေရာတွေမှာတော့ အပြင်ထွက်တာတွေရှိသလို့ မထွက်လာတဲ့သူတွေလည်းရှိတယ်။ စျေးဆိုင်တွေကလူတွေတော့ ထွက်ပြေးတာတွေရှိတယ်။ တချို့ဆို Ocean ပေါ်ကနေ ဆင်းပြေးလာတဲ့သူတွေလည်းရှိတယ်။ လှုပ်တာသိသာတယ်။ ကြောက်ကြောက်လန့်လန့်ဖြစ်သွားတာ။” ဟု ပျဉ်းမနားမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အလားတူ မတ်လ ၂၃ ရက်၊ ည ၁၁ နာရီ၊ ၅၇ မိနစ်က စစ်ကိုင်းဒေသကြီး၊ ဟုမ္မလင်မြို့တွင် ၄.၅ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မတ်လအတွင်း နေပြည်တော်၊ မန္တလေး၊ မိုးကုတ်၊ ပဲခူး၊ မကွေး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် စသည့်နေရာများတွင် အင်အားအသင့်ရှိသည့် ငလျင်လှုပ်ခတ်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၊ နေ့လည် ၁၂ နာရီကျော်က အင်အား ၇.၇ ရှိသည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သေ ဆုံးသူ လူဦးရေ ၅၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-ငလျင်အရေးပေါ်သတင်း

ယနေ့ခေတ်

တိုင်းနှင့် ပြည်နယ်အချို့တွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.